ပြည်ပမှ ဝင်ရောက်နေတဲ့ သကြားဈေးကို မယှဉ်နိုင်လို့ ပြည်တွင်း သကြားစက်များ ဈေးချ ရောင်းနေရ

Tue, 05/14/2013 - 04:01 -- admin

ကြာသပတေးနေ့ ၃၁ ဇန်နဝါရီလ ၂၀၁၃ 18:15 PM

ဗီယက်နမ်မှာ ပြည်တွင်း သကြား ထုတ်လုပ် သူများဟာ ထိုင်းနိုင်ငံမှ တင်သွင်းလာသော သကြား ဈေးများကို မယှဉ် နိုင်ကြောင်း ဗီယက်နမ် ကြံနဲ့ သကြား အသင်းမှ ပြောကြားခဲ့ ပါတယ်။ ထိုင်းမှ တင်သွင်းလာသော သကြား ဈေးဟာ ပြည်တွင်း ထုတ်လုပ်မှု ဈေးထက် သက်သာနေတဲ့ အတွက် သကြားစက် လုပ်ငန်းရှင်များနဲ့ တောင်သူများ အတွက် အကျိုး အမြတ် မရရှိနိုင်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။ နှစ်ပေါင်း အတော်ကြာကပင် နှစ်စဉ် ပျမ်းမျှ သကြား တန် ၄ သိန်း ခန့်ဟာ ပြည်ပမှ တရားမဝင် ဗီယက်နမ် နိုင်ငံအတွင်းသို့ ဝင်ရောက် နေပါတယ်။ ကြံနဲ့ သကြား အသင်းဥက္ကဌ Nguyen Thanh Long က ထိုတရားမဝင် ဝင်ရောက်နေတဲ့ ပမာဏ ၄ သိန်းဟာ ပြည်တွင်း ဈေးကွက် မှာ ရောင်းချတဲ့ ပမာဏနဲ့ ၃ဝ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ပြောကြား ပါတယ်။

An Giang ပြည်နယ် အနောက် တောင်းပိုင်းရှိ ဈေးကွက် စီမံခန့်ခွဲရေး (The Market Management Bureau) က An Giang Province ဟာ ထိုင်းမှ သကြားများ မှောင်ခိုဝင်တဲ့ အပေါက်ဖြစ်ပြီး တရားမဝင် ဝင်ရောက်မှုကို ကာကွယ် နိုင်ကြောင်းနဲ့ ပြဿနာ အသေး အဖွဲ့သာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြစ်ဝှမ်း ဒေသရိ Kien Giang နဲ့ Nau Giang ပြည်နယ်များရှိ ကြံစိုက်ပျိုး တောင်သူများဟာ အရှုံးနဲ့ ရင်ဆိုင် နေကြ ရတယ်။ ဒေသရှိ စိုက်ပျိုးရေးနဲ့ နယ်စပ် ဒေသ ဖွံ့ဖြိုးရေး ဌာနက သကြားစက်များကို ကြံများ ရောင်းချပေးရန် တိုက်တွန်း ပြောကြားနေတဲ့ အတွက် ဖြစ်ပါတယ်။ သို့သော်လည်း ကြံရောင်းဈေးကို မမြှင့်ရန်နဲ့ သကြားစက်များ အနေနဲ့ ငွေရေး ကြေးရေးပိုင်းမှာ အရှုံးနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ ကြံနဲ့ သကြား အသင်းက တောင်သူများကို ပြောကြား ခဲ့ပါတယ်။

Viet Nam Economic Times ကို ကြံနဲ့ သကြား အသင်း ဥက္ကဌ Long က သကြားစက်များ အနေနဲ့ သကြား တစ်တန်ကို ထုတ်လုပ်ရာမှာ ၆၇၁ ဒေါ်လာ ထုတ်လုပ်မှု စရိတ် ကျသင့် သော်လည်း ရောင်းချရာမှာ တစ် တန်ကို ၆၂၃ ဒေါ်လာနဲ့ အရှုံးခံ ရောင်းချ ပေးနေရတာ ဖြစ်ပါတယ်။ ကြံစိုက် တောင်သူများဟာ ကြံဈေး ထပ်မကျမီ ၎င်းတို့ရဲ့ ကြံများကို သကြား စက်များကို အလု အယက် ရောင်းချ နေကြပါတယ်။ လတ်တလောမှာ Long An, Ben Tre, Soc Trang & Tra Vinh ပြည်နယ် များရှိ သကြား စက်များမှာ ကြံများ လိုအပ်တာထက် ပိုမို စုဆောင်း ထားပြီး ဖြစ်ပါတယ်။

Casuco သကြား ကုမ္ပဏီမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Nguyen Hoang Ngoan က သကြား စက်ရုံများ အနေနဲ့ အရှုံးနဲ့ မယှဉ်ဆိုင် ရလေအောင် ကြံများကို တောင်သူများထံမှ ဈေးနှိမ် ဝယ်ယူ နေကြပါတယ်။ ကြံစိုက် တောင်သူများ အနေနဲ့ အမြတ် အစွန်း နည်းတဲ့ အတွက် လာမဲ့ ကြံရာသီမှာ ကြံစိုက်ပျိုးမဲ့ သူများ လျော့နည်း သွားဖွယ်ရှိ ပါတယ်။ ဗီယက်နမ် နှစ်သစ်ကူးပွဲ နီးကပ်လာပြီ ဖြစ်တာနဲ့ အမျှ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နယ်စပ်မှလည်း တရားမဝင် သကြားများ ဆက်လက် ဝင်ရောက်မှု ရှိနေ သော်လည်း အာဏာပိုင်များ အပိုင်းသာ ထိန်းချုပ်နိုင်မှု မရှိဘူးလို့ VNS သတင်းမှာ ဖော်ပြထား ပါတယ်။

Source: VNS >>> CMK