ဇန်နဝါရီလတွင် မဲခေါင်မြစ်ဝှမ်း ဒေသမှ ဆန်တန်ချိန် ၈၈ဝဝဝ ကျော် ပြည်ပသို့ တင်ပို့နိုင်

Tue, 05/14/2013 - 03:55 -- admin

ဗုဒ္ဓဟူးနေ့ ၃၀ ဇန်နဝါရီလ ၂၀၁၃ 13:34 PM

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် မဲခေါင်မြစ်ဝှမ်း ဒေသမှ ကန်ဒေါ်လာ ၄၁ ဒသမ ၄ သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၈၈၆ဝဝ ကို ပြည်ပ နိုင်ငံများရှိ ဝယ်လက်များထံ တင်ပို့ နိုင်ခဲ့ပါတယ်။ စပါးဈေးဟာ တည်ငြိမ်နေပြီး စပါး တစ်ကီလိုဂရမ်ကို ဗီယက်နမ် ဒေါင် ၅၃၅ဝ မှ ၅၇ဝဝ နဲ့ ၅ မှတ် ဆန်တစ်ကီလို ဂရမ်ကို ဗီယက်နမ်ဒေါင် ၇၂၅ဝ- ၇၄ဝဝ ဈေးပေါက်လျက် ရှိတယ်လို့ သိရပါတယ်။ ယခုနှစ် အတွက် မဲခေါင်မြစ်ဝှမ်း ဒေသမှ ဆန်တန်ချိန် ၆ ဒသမ ၃ မှ ၆ ဒသမ ၈ သန်း သင်္ဘော တင်ရန် လျာထားတာ ဖြစ်ပါတယ်။

လျာထားချက် ပြည့်မီစေရန် အတွက် တောင်သူများ အချိန်မီ ရောင်းချရန် အရည် အသွေး ကောင်းသော ဆန်များ ကြိတ်ခွဲ ထုတ်လုပ်ရန်နဲ့ ဈေးကွက်မှာ အခြေအနေ ကောင်းမွန်ရေး ဆောင်ရွက် နေကြပါတယ်။ ဈေးကွက် ရှုဒေါင့်မှ နေ၍ ဈေးနှုန်းကို ချင့်ချိန်တွက်ဆ သတ်မှတ်ခြင်း၊ အရည်အသွေးမြင့် ဆန်များ ထုတ်လုပ်နိုင်ရန်နဲ့ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးရန် အတွက် တောင်သူများနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက် လုပ်ကိုင် လျက်ရှိတယ်လို့ သိရပါတယ်။

ဒေသ တာဝန်ရှိ သူများဟာ တောင်သူများအတွက် အမြတ် ၃ဝ ရာခိုင်နှုန်းနဲ့ အထက်ရရှိနိုင်စေရေး ကုန်သည်၊ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တောင်သူများ အကြား အနီးကပ် တွေ့ဆုံဆွေးနွေးပြီး ပြန်လည် သုံးသပ်မှုများ လုပ်ဆောင် နေကြပါတယ်။ ယခင်နှစ်က ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းတန်ဖိုးရှိ ဆန် ၆ ဒသမ ၈ သန်းကျော်ကို မဲခေါင် မြစ်ဝှမ်း ဒေသမှ တင်ပို့ နိုင်ခဲ့ပါတယ်။

Source: VOV >>> CMK