စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှု လျော့နည်း ကျဆင်းရေး (Mobile Team) ဖွဲ့စည်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြဝတီကုန်သွယ်ရေး ဇုန်တွင် ကြိုတင် အသိပေး ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

Tue, 12/04/2012 - 15:24 -- Anonymous (not verified)

    စားသုံးသူအကာအကွယ်ပေးရေး Consumer Protection နဲ့ တရားမဝင်ကုန်သွယ်မှုလျော့နည်း ကျဆင်းရေး အတွက်လှုပ်ရှားရှာဖွေတားဆီးရေးအဖွဲ့ (Mobile Team) ဖွဲ့စည်းကာ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ကြိုတင်အသိပေးခြင်း ညှိနှိုင်းအစည်းအဝေးကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြဝတီ ကုန်သွယ်ရေးဇုန် အစည်းအဝေး ခန်းမမှာ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ဝ၉း၃ဝ နာရီအချိန်မှာ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

  ရှင်းလင်း ဆွေးနွေးပွဲသို့ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနနဲ့ မြဝတီခရိုင်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြဝတီ ကုန်သွယ်ရေးဇုန်တွင် လုပ်ငန်းဆောင်ရွက် လျက်ရှိတဲ့ ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များနဲ့ ကိုယ်စားလှယ်များ၊ သတင်း မီဒီယာအဖွဲ့ဝင်များ စုစုပေါင်း ၁ဝ၂ ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ရှင်းလင်းပွဲသို့ တက်ရောက်လာကြတဲ့ ကုန်သည် စီးပွားရေး လုပ်ငန်းရှင်နဲ့ ကိုယ်စားလှယ်များရဲ့ သိရှိလိုသော မေးမြန်ချက်များကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးခုျပ် ဦးညွှန့်အောင်နှင့် တာဝန်ရှိသူများ၊ (Mobile Team) အဖွဲ့နှင့် မြဝတီကုန်သွယ်ရေးဇုန်ရှိ (One Stop Services)အဖွဲ့အသီးသီးတို့မှ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

   (Mobile Team) အဖွဲ့မှာ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ ကုန်သည်အသင်း၊ သတင်းမီဒီယာ အဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပြီး မန္တလေး- မူဆယ်လမ်းပိုင်းတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီး၊ ရန်ကုန်-မြဝတီ လမ်းပိုင်းတွင် မကြာမီ ဆောင်ရွက်တော့မယ်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

     

စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှု လျော့နည်း ကျဆင်းရေး (Mobile Team) ဖွဲ့စည်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြဝတီကုန်သွယ်ရေး ဇုန်တွင် ကြိုတင် အသိပေး ညှိနှိုင်း ဆွေးနွေးပွဲ ဓာတ်ပုံများ (အပေါ်ပုံ)

MIRT (DOBT)