ကမ္ဘာ့ ပို့ကုန်အများဆုံး တင်ပို့တဲ့ ထိပ်တန်းစာရင်းဝင် တရုတ်နိုင်ငံက ဈေးကွက်သစ်ဝေစု ရရှိရေး စီမံလျက်ရှိ

Tue, 05/14/2013 - 07:32 -- admin

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 04 း 05PM

တရုတ် နိုင်ငံဟာ ဖွံ့ဖြိုးပြီး ၎င်းတို့ရဲ့ စီးပွားရေး ပိုမိုတိုးတက် အောင်မြင်မှု ရရှိရေးအပြင် ပေါ်ထွက်လာတဲ့ ကမ္ဘာ့ ဈေးကွက် အသစ်များမှာ ၎င်းတို့ ပို့ကုန်ပစ္စည်းများ ဝေစုရရှိရေး ကိုလည်း တရုတ် စီးပွားရေးကဏ္ဍမှာ ဦးဆောင်သူများက စီမံခန့်ခွဲ နေကြပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ လုပ်အားခ သက်သာပြီး စီးပွားရေး အခွင့်အလမ်း ကောင်းများ ရရှိနိုင်တဲ့ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှာ တန်ဖိုးမြင့် တန်ဖိုးကြီး ထုတ်ကုန်များ ထုတ်လုပ်မှုကို ပြောင်းရွှေ့ လုပ်ကိုင်ရန် အလေးထားစဉ်းစား နေကြတယ်လို့ သိရပါတယ်။ တရုတ် နိုင်ငံအနေနဲ့ ၂ဝ၁၃ မှ ၂ဝ၂ဝ ပြည့်နှစ်ထိ ကာလအတွင်းမှာ အိန္ဒိယ၊ ဗီယက်နမ် နိုင်ငံတို့နဲ့ အတူ ကမ္ဘာ့ ပို့ကုန် အများဆုံး တင်ပို့တဲ့ ထိပ်တန်းနိုင်ငံများ စာရင်းဝင်လာ နိုင်တယ်လို့ Global Connections အစီရင်ခံ စာမှာ ဖော်ပြထား တယ်လို့ VOV Online သတင်းမှာ ဖတ်ရှု့လိုက် ရပါတယ်။

Source:VOV Online /VNA                                                                          CMK