အီရတ်နိုင်ငံသည် ထိုင်းနှင့် ဥရုဂွေးနိုင်ငံများမှ ဆန်တန်ချိန် စုစုပေါင်း ၁၁၀၀၀၀ ကို တင်သွင်းရန် ဝယ်ယူခဲ့

Mon, 07/30/2012 - 09:03 -- Anonymous (not verified)

Date : 26 July 2012

အီရတ်နိုင်ငံသည် ထိုင်းနှင့် ဥရုဂွေးနိုင်ငံများမှ ဆန်တန်ချိန် စုစုပေါင်း ၁၁၀၀၀၀ ကို တင်သွင်းရန် ဝယ်ယူခဲ့သည်ဟု အီရတ်နိုင်ငံ ကောက်ပဲသီးနှံအသင်းက ပြောကြားသည်။ ယင်းသို့ ဝယ်ယူရာတွင် CIF စနစ်ဖြင့် ဝယ်ယူမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၈၀၀၀၀ နှင့် ဥရုဂွေးမှ ဆန်တန်ချိန် ၃၀၀၀၀ ဝယ်ယူ မည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၈၀၀၀၀ ဝယ်ယူရာတွင် သင်္ဘောတခါတင်လျှင် တန်ချိန် ၄ သောင်း စီဖြင့် နှစ်သုတ်ခွဲဝယ်ယူတင်သွင်းသွား မည်ဖြစ်ကြောင်း ၊ ဈေးနှုန်းမှာ တစ်တန်လျှင် ၆၂၃.၈၉ ဒေါ်လာနှင့် ၆၂၉ ဒေါ်လာစီ အသီးသီးဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ အစောပိုင်းကလည်း အီရတ်သည် ထိုင်းဆန်တန်ချိန် ၈၂၀၀၀ ကို ဝယ်ယူတင်သွင်းခဲ့သေး သည်ဟု သိရသည်။ ဥရုဂွေးမှ ဆန်ကိုမူ တစ်တန်လျှင် ၆၇၁ ဒေါ်လာပေး၍ ဝယ်ယူထားကြောင်း သိရသည်။

Source : oryza.com

pa pa