အာရှစီးပွားရေးအခြေခံ ပိုမိုတိုးတက်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်ရန် လိုလား။

Thu, 09/01/2011 - 04:10 -- Anonymous (not verified)

အာရှရဲ့ အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ စဉ်ဆက်မပြတ် အရှိန်ရ စေဖို့အတွက် စွမ်းအင်အသစ်နဲ့ ပတ်ဝန်းကျင် အကာအကွယ် ပေးရေးဆိုင်ရာ ကိစ္စရပ်များမှာ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက်စေဖို့အတွက်ဆိုရင်နှစ်နိုင်ငံအကြား မှာလွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆောင်ရွက်သင့်တယ်လို့ တရုတ်နိုင်ငံနဲ့ ဂျပန် နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများက ပြောကြားလိုက်တယ်လို့ သိရှိ ရပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို တင်ပို့နိုင်မှုနဲ့ နှစ်နိုင်ငံကုန်သွယ်မှုပမာဏဟာ ကျဆင်းနေတဲ့အတွက် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိင်ငံတို့အကြားမှာ ဆောင်ရွက်နေတဲ့ သုံးနိုင်ငံ လွတ်လပ်သောကုန်သွယ်မှု ဒေသထူထောင်ရန်ဆွေးနွေးမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံတကာ စီးပွားရေးဌာနမှ တာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကုန်သွယ်ဖက်နိုင်ငံများထဲမှာ ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က ပထမနဲ့ ဒုတိယနေရာအသီးသီးမှာ ရှိနေပြီး၊ ဂျပန်နိုင်ငံကတော့ တတိယနေရာမှာရှိတယ်လို့ သိရှိရပါတယ်။အခုလိုမျိုးကုန် သွယ်မှုပမာဏဆက်လက်ကျဆင်းနေအုံးမယ်ဆိုရင် ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ တတိယအကြီးဆုံး ကုန်သွယ် ဖက်နိုင်ငံအဖြစ်ကနေ အခြားနိုင်ငံတစ်ခုကို နေရာဖယ်ပေးရလိမ့်မယ်လို့လည်း ဆိုပါတယ်။
ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတွင်းမှာဖြစ်ပွားနေတဲ့ကြွေးမြီအကျပ်အတည်းကြောင့် တစ်ကမ္ဘာ လုံးရဲ့ စီးပွားရေးမသေချာမှုတွေ အများအပြားဖြစ်ပွားနေချိန်မှာ သုံးနိုင်ငံလွတ်လပ် သောကုန်သွယ်မှုဒေသ ထူထောင်ဖို့ တိုးမြှင့်ဆောင်ရွက်ခြင်းဟာ ဂျပန်နဲ့ တောင်ကိုရီးယားတို့ အနေနဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေ မြင့်မားလာမှုအပေါ် အကျိုးကျေးဇူးခံစားရမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးရာ တက္ကသိုလ်မှပါမောက္ခ တစ်ဦးကပြောကြား လိုက်ကြောင်းလည်း သိရှိရပါတယ်။
ဒါ့ကြောင့် ဒီအတောအတွင်းမှာ တရုတ်နဲ့ ဂျပန်နိုင်ငံတို့အနေနဲ့ စီးပွားရေးဆိုင်ရာမူဝါဒများ ချမှတ်ရာမှာ စီးပွားရေးစဉ်ဆက်မပြတ်တိုးတက်ရေးမှာ ပိုမိုအောင်မြင်စေမယ့် နည်းပညာ ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ တရုတ်နိုင်ငံမှ တာဝန်ရှိသူတွေက ပြောကြား လိုက်ပါတယ်။
စွမ်းအင်အသစ်များ ရှာဖွေရေးနဲ့ ပတ်ဝန်းကျင်စိမ်းလန်းခြင်းဆိုင်ရာ နည်းပညာများမှာ တရုတ်အစိုးရ အနေနဲ့ အခွန်သက်သာခွင့် မူဝါဒတွေ ငွေကြေးအထောက်အပံ့တွေကို တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ဂျပန်ကုန် သွယ်ဖက်တွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်သွားမယ်လို့လည်း သိရှိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံကို သွားရောက်ရင်းနှီးမြှုပ်နှံမှုကတော့ အလားတူကာလမှာ အမေရိကန် ဒေါ်လာ ၂၀၀ သန်းသာရှိခဲ့တယ်လို့ ဆိုပါတယ်။ ယခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီများစုပေါင်း တည်ထောင်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုများဟာ ပထမ ၇ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၅၇၀ သန်းအထိ မြင့်တက်လာခဲ့ပြီး ဂျပန်နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ တရုတ်ကုမ္ပဏီအရေအတွက်ဟာ ၂၀၀၆ ခုနှစ်မှာ ၂၃၃ ခုသာရှိခဲ့ရာမှ ၂၀၁၁ ခုနှစ် ၊ ဇူလိုင်လအရောက်မှာတော့ ၆၆၁ ခုအထိတိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်လေလံဆွဲသူတွေအတွက်ကတော့ ဝယ်ယူရတဲ့ ဈေးနှုန်းဟာအရမ်းကိုဆွဲဆောင်မှုရှိနေတယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံး လူသုံးလျှပ်စစ်ပစ္စည်း ဖြန့်ဖြူးတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sunning Appliance Co., Ltd က ဂျပန်နိုင်ငံအိမ်သုံးပစ္စည်း ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Laox ကုမ္မဏီမှာ ရင်းနှီးမြှုပ်နှံမှုကို ၅၁ ရာခိုင်နှုန်း အထိ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုဆောင်ရွက်မှုများဟာ နှစ်ဖက်စလုံးအတွက် အကျိုးကျေးဇူးရရှိမှာဖြစ်ပါတယ်။ ဂျပန်လုပ်ငန်း တွေအနေနဲ့ ငွေကြေးရရှိနိုင်မယ့်အပြင် တရုတ်ဈေးကွက်ကို အလွယ်တကူ ဝင်ရောက်နိုင်မှာဖြစ်ပြီး၊ တရုတ် ကုမ္ပဏီတွေကတော့ ဂျပန်ကုမ္ပဏီတွေရဲ့ တံဆိပ်၊ နည်းပညာနဲ့ ဖြန်ဖြူးတဲ့နည်းလမ်းများကို ရရှိနိုင်မှာဖြစ်ပါတယ်။ဂျပန် ကုမ္ပဏီတွေ အနေနဲ့လည်း ပိုမိုကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်မှာဖြစ်ပြီး အလုပ်သမားတွေအတွက် ပိုကောင်းတဲ့အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက ပြောကြားလိုက်ကြောင်း သိရှိရပါတယ်။
Source; www.chinadaily.com.cn
ရွှေစင်ဦး