အရှေ့အလယ်ပိုင်းဒေသ နိုင်ငံရေးမငြိမ်သက်မှု အခြေအနေများက ရေနံစိမ်းဈေးကွက်ကို လွှမ်းမိုးနေ

Tue, 07/31/2012 - 09:20 -- Anonymous (not verified)

Date : 30 July 2012

အမေရိကန်နှင့် အီးယူဒေသမှ မူဝါဒချမှတ်သူများအနေဖြင့် ၎င်းတို့နိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသည့်အတွက် စီးပွားရေးလှုံ့ဆော်မှု စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားဖွယ်ရှိသည်ဟု ယူဆလာ ကြခြင်း ၊ အရှေ့အလယ်ပိုင်းဒေသ ဆီးရီးယားနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားနေခြင်း ပြဿနာသည် အခြားနိုင်ငံ များသို့ ကူးစက်သွားဖွယ်ရှိပြီး ရေနံစိမ်းရောင်းလိုအားကို ထိခိုက်လာနိုင်သည် စိုးရိမ်လာကြခြင်းတို့ကြောင့် ရေနံစိမ်းဈေးနှုန်းများ မြင့်မားလာသည်။

ဇူလိုင်လ (၃၀) ရက်နေ့ စင်္ကာပူစံတော်ချိန် နေ့ခင်း ၃:၀၄ နာရီ၌ စက်တင်ဘာလအရောက်ပို့ရမည့် ရေနံစိမ်း (WTI Oil) ကို တစ်စည်လျှင် ၉၀.၂၅ ဒေါ်လာဖြင့် နယူးယောက်ကုန်စည်ရောင်းဝယ်ရေးမှ အီလက် ထရောနစ် ကုန်သွယ်မှုစနစ်ဖြင့် ရောင်းချခဲ့ရသည်ဟု သိရသည်။ ယင်းနေ့ အစောပိုင်းက တစ်စည်လျှင် ၉၀.၉၅ ဒေါ်လာအထိ ဈေးမြင့်ခဲ့သည်ဟု သိရသည်။ ယခုလအတွင်း နယူးယောက် ရေနံစိမ်းဈေးနှုန်းများ ၆.၂% မြင့်မား ခဲ့ပြီးဖြစ်သည်။ လန်ဒန်အခြေစိုက် ICE Futures Europe Exchange တွင်လည်း စက်တင်ဘာလ ငွေချေရမည့် ဘရန့်အမျိုးအစား ရေနံစိမ်းသည် တစ်စည်လျှင် ၁၀၆.၂၀ ဒေါ်လာဖြင့် ရောင်းချခဲ့ရသည်ဟု သိရသည်။ အရှေ့ အလယ်ပိုင်းဒေသ ရေနံထုတ်လုပ်မှုသည် ကမ္ဘာ့ရေနံထုတ်လုပ်မှု စုစုပေါင်း၏ သုံးပုံတစ်ပုံရှိသဖြင့် ယင်းဒေသ တွင်း နိုင်ငံရေးမငြိမ်သက်မှု အခြေအနေများသည် ကမ္ဘာ့ရေနံစိမ်း ဈေးကွက်ကို လွှမ်းမိုးလျက်ရှိသည်။

 

Source : Bloomberg.com

pa pa