ရွှေဈေးပြန်လည်ဦးမော့လာသဖြင့် အာရှဈေးကွက်တွင် ရွှေကိုပြန်လည်ရောင်းချမှုမြင့်မားလာ

Tue, 07/31/2012 - 09:24 -- Anonymous (not verified)

Date : 30 July 2012

ဇူလိုင်လ (၂၆) ရက်နေ့မှစ၍ တစ်အောင်စလျှင် ၁၆၀၀ ဒေါ်လာအထက်သို့ ပြန်လည်ရောက်ရှိလာ သော ကမ္ဘာ့ရွှေဈေးနှုန်းများ ဇူလိုင်လ (၃၀) ရက်နေ့တွင်လည်း တစ်အောင်စလျှင် ၁၆၂၀ ဒေါ်လာအထက် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေသည်။

၂၀၁၂ ခုနှစ် ၊ ဒုတိယသုံးလပတ်အတွင်း အမေရိကန်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွား ကြောင်း ဇူလိုင်လ (၂၇) ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြလာသဖြင့် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ကျင်းပမည့် အမေရိကန်ဗဟိုဘဏ်၏ မူဝါဒရေးရာ အစည်းအဝေးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လှုံ့ဆော် မည့် စီမံကိန်းများ ဆောင်ရွက်သွားရေး ဆွေးနွေးဆုံးဖြတ်လိမ့်မည်ဟု ပိုမိုယုံကြည်လာကြပြီး ရွှေကို ဝယ်လိုအား မြင့်မားလာကြသည်။

အီးယူဒေသ မူဝါဒချမှတ်သူများသည်လည်း ယခုသီတင်းပတ်တွင် တွေ့ဆုံစည်းဝေးကာ စီးပွားရေး တိုးတက်စေရေး မူဝါဒများချမှတ်သွားဖွယ်ရှိကြောင်း ၊ ဥရောပဗဟိုဘဏ်မှ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ သည် သြဂုတ်လ (၂၇) ရက် နေ့တွင် ဂျာမဏီနိုင်ငံ ဖရန့်ဖာ့တ်တွင် တွေ့ဆုံကာ ဘဏ်အတိုးနှုန်းကို ဝ.၇၅% အထိ စံချိန်တင် လျော့ချသွား ရေး ဆွေးနွေးညှိနှိုင်းရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းသို့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ၏ ဗဟိုဘဏ်များက အတိုးနှုန်းများ လျော့ချသွားမည် ဆိုပါက ငွေကြေးတန်ဖိုးကျဆင်းလာမည်ဖြစ်၍ ရွှေကို ပြောင်းလဲရင်းနှီးမြှုပ်နှံရန် ဝယ်ယူမှုများလာသဖြင့် ကမ္ဘာ့ ရွှေဈေး ပြန်လည်ဦးမော့လာခြင်းဖြစ်သည်။ ဇူလိုင်လ (၃၀) ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၀၂၄၈ နာရီတွင် လက်ငင်းအရောင်းရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ၁၆၂၀.၉၁ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇွန်လ (၂၀) ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်လာသည်ဟု သိရသည်။ ရွှေဈေးပြန်လည်ဦးမော့လာသဖြင့် အာရှ ဈေးကွက်တွင် ရွေကိုပြန်လည်ရောင်းချမှု မြင့်မားလာကြောင်း ၊ အထူးသဖြင့် အင်ဒိုနီးရှားနှင့် ထိုင်းတွင် ရွှေ အထည်ပျက်များ ၊ အပိုင်းအစများကို ရောင်းချမှုမြင့်မားလာကြောင်း သိရသည်။

Source : mineweb.com, Bloomberg.com

pa pa