မြန်မာခရမ်းချဉ်သီးများ ဈေးကွက်စတင်ဝင်

Thu, 08/30/2012 - 08:14 -- Anonymous (not verified)

မန္တလေးမြို့၊ ၄၁ လမ်း ဟင်းသီးဟင်းရွက်ဈေးကို မြန်မာခရမ်းချဉ်သီးများ စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ အင်းလေးဒေသထွက် ခရမ်းချဉ်သီးများမှာ အချိန်အခါမရွေး ရရှိနိုင်ပြီး၊ မြန်မာသီးခေါ် ကျားခြေရာပုံသဏ္ဍန် ခရမ်းချဉ်သီး များမှာ မိတ္ထီလာနယ်ဘက်မှ ဝင်လာသော်လည်း ပေါ်ဦးပေါ်ဖျားဖြစ်တဲ့အတွက် အသီးရှား၊ ဈေးကောင်းရနေကြောင်း သိရပါတယ်။