ဗီယက်နမ် ဆန်တင်ပို့မှု စံချိန်တင်မြင့်တက်၊ မလေးရှားကို ပိုမိုတင်ပို့ဖို့ ဆွေးနွေးမှုများပြုနေ

Tue, 01/03/2012 - 08:32 -- Anonymous (not verified)

ယခုနှစ်ဗီယက်နမ်ရဲ့ ဆန်တင်ပို့မှုဟာ ၂၀၁၀ ခုနှစ်ထက် ၄ ဒသမ ၃၆ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တန်ချိန် ၇ ဒသမ ၁၉ သန်းထိ စံချိန်တင်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ပြောကြားပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံကို ၅ မှတ်ဆန် တန်ချိန် ၂ သိန်းရောင်းချ ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေလို့ ၂၀၁၂ ခုနှစ်မှာ မလေးရှားကို တန်ချိန် ၅ သိန်းထိ တင်ပို့နိုင်လိမ့်မယ်လို့