ဆော်ဒီအာရေဗျနိုင်ငံသို့ အသားတင်ပို့ရာတွင် သတိပြုရမည့် အချက်အလက်များ

Tue, 06/26/2018 - 11:00 -- dotadmin

                            ဆော်ဒီအာရေဗျနိုင်ငံ၏ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့ (SFDA) မှ ၎င်းနိုင်ငံသို့ အသားထွက်ကုန် ပစ္စည်းများတင်ပို့ရန် စိတ်ပါဝင်စားသည့်လုပ်ငန်းများနှင့် နိုင်ငံခြားမှကျွမ်းကျင်ထိန်းချုပ်ရေး အာဏာပိုင်များကို အတည်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားမှု တစ်ရပ်အား ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံရုံးမှ အကြောင်းကြား လာခဲ့ပါသည်။

                            ၎င်းအကြောင်းကြားစာတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည် -

                             (က)    ရည်ရွယ်ချက် -

ဆော်ဒီအာရေဗျနိုင်ငံအတွင်းသို့ အသား၊ ကြက်သား၊ ဘဲသားနှင့် ၎င်းတို့၏ ကုန်ပစ္စည်းများကို တင်ပို့ရန် စိတ်ပါဝင်စားသော နိုင်ငံများ၌ အစားအသောက်စိတ်ချလုံခြုံရေးအတွက် ကျွမ်းကျင် ထိန်းချုပ်ရေးအာဏာရှိ သော တာဝန်ဝတ္တရားများဖြင့် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း များကို သရုပ်ဖော်ပြရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ဤအဆင့်သည် ဆော်ဒီဈေးကွက်သို့ ကုန်ပစ္စည်း တင်ပို့ရန် စိတ်ဝင်စားသော သားသတ်ရုံများ၊ အသားနှင့် ကြက်သား၊ ဘဲသားပြုပြင်ထုတ်လုပ်သည့် စက်ရုံများအား အတည်ပြုရေး တာဝန်ဝတ္တရားအခွင့်အာဏာအပ်နှင်းရေး အတွက် လမ်းခင်း ပေးခြင်း ဖြစ် ပါသည်။

                              (ခ)     ပထမ - နိုင်ငံခြားကျွမ်းကျင်ထိန်းချုပ်ရေးအာဏာပိုင် အတည်ပြုရေးအတွက် လိုအပ်ချက်

(၁)     အတည်ပြုချက်ရယူလိုသည့် ကျွမ်းကျင်ထိန်းချုပ်ရေးအာဏာပိုင်သည် ယာယီတားမြစ်ထား ခြင်း မခံရသော အသား၊  ကြက်သား၊ ဘဲသားနှင့် ၎င်းတို့၏ ထုတ်ကုန်များတင်သွင်းသည့် နိုင်ငံတွင် ရှိရမည်။

(၂)     ဆော်ဒီအာရေဗျသို့ အသား၊ ကြက်သား၊ ဘဲသားနှင့် ၎င်းတို့၏ ထုတ်ကုန်များကို တင်ပို့ရန် ဆန္ဒရှိသည့် နိုင်ငံ၌ ကျွမ်းကျင်ထိန်းချုပ်ရေး အာဏာပိုင်တစ်ဦးအတွက် ဖြေဆိုရမည့် SFDA အကဲဖြတ်မေးခွန်းလွှာတွင် ဖော်ပြထားသော လိုအပ်ချက်များအားလုံးကို ပြီးမြောက်ရမည်။

ကျွမ်းကျင်ထိန်းချုပ်ရေးအာဏာပိုင်တစ်ဦးအတွက် အတည်ပြုသည့် လုပ်ငန်းစဉ်

(၁)     လျှောက်လွှာလျှောက်ထားခြင်း - ကျွမ်းကျင် ထိန်းချုပ်ရေး အာဏာ ပိုင်အတွက် လူပုဂ္ဂိုလ် ( ၁ ) ဦး သို့မဟုတ် ( ၁ ) ဦးနှင့် အထက်အပါအဝင် ဆက်သွယ်ရမည့် ဖြစ်နိုင်ချေရှိသော ဆက်သွယ်မှုနည်းလမ်းများ (တယ်လီဖုန်း၊ ကြေးနန်း၊ ဖက်စ်၊ e-mail) တို့ကို ပြည့်စုံစွာ ဖော်ပြလျက်  SFDA ၏ အတည်ပြုချက်အတွက် တောင်းဆိုလွှာတစ်စောင်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် ပေးပို့လျှောက်ထားရပါမည်။

(၂)     မေးခွန်းလွှာပေးပို့ခြင်း - လျှောက်ထားမှုအောင်မြင်ပါက အထက် တွင်ဖော်ပြခဲ့သော အကဲဖြတ်သည့် မေးခွန်းများကို အပြီးသတ်ဖြည့်စွက်ရေး အတွက် SFDA မှ e-mail (သို့မဟုတ်) အခြားဆက်သွယ်ပေးပို့နိုင်သော နည်းလမ်းများဖြင့် ကျွမ်းကျင်ထိန်းချုပ်ရေး အာဏာပိုင်ထံသို့ ပေးပို့သွား မည် ဖြစ်ပါသည်။

(၃)     မေးခွန်းလွှာဖြည့်စွက်ခြင်း - ပေးပို့ထားသောအကဲဖြတ်မေးခွန်းများ ကို ကျွမ်းကျင် ထိန်းချုပ်ရေးအာဏာပိုင် (များ) (သို့မဟုတ် ၎င်းတို့မှ လုပ်ပိုင်ခွင့် အာဏာလွှဲအပ်ထားသော မည်သူမဆိုမှ တရားဝင်လက်ခံရရှိပြီးချိန်မှ ရက်ပေါင်း(၆၀)အတွင်း ဖြည့်စွက်ရမည် ဖြစ်ပါသည်။ ဖြေဆိုပြီးစီးပါက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် SFDA သို့ ပေးပို့ရပါမည်။ (SFDA သို့  e-mail မိတ္တူဖြင့် ပေးပို့ခြင်း)

(၄)     မေးခွန်းလွှာအကဲဖြတ်ခြင်း - ကျွမ်းကျင်ထိန်းချုပ်ရေးအာဏာပိုင်မှ အကဲဖြတ်မေးခွန်းများ အပြီးသတ်ဖြေဆို ပေးပို့ပြီးနောက် SFDA မှ အကဲဖြတ် ပေးသွားမည်ဖြစ်ပါသည်။ စာရွက် စာတမ်းလိုအပ်ချက်များ အားလုံးအား ဖြည့်စွက်ပြီးစီးမှုအပေါ် SFDA နည်းပညာဆိုင်ရာ အဖွဲ့တစ်ရပ် စေလွှတ်ရေး ပူးပေါင်းရန် တင်ပို့မည့်နိုင်ငံရှိ ကျွမ်းကျင် ထိန်းချုပ်ရေး အာဏာပိုင်နှင့် SFDA က ဆက်သွယ်မည်ဖြစ်ပါသည်။

(၅)     နည်းပညာဆိုင်ရာအဖွဲ့ လာရောက်ခြင်း - ဆော်ဒီအာရေဗျတွင် အတည်ပြုထားသော နည်းပညာဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကျန်းမာရေးလိုအပ်ချက်များအတိုင်း ပို့ကုန် တင်ပို့သောနိုင်ငံရှိ ကျွမ်းကျင် ထိန်းချုပ်ရေး အာဏာပိုင်က အမှန်တကယ် ကြီးကြပ် ဆောင်ရွက်နေခြင်းရှိကြောင်း သေချာစေရန်အလို့ငှာ အသားနှင့် ကြက်သား/ဘဲသား လုပ်ငန်းများနှင့် ထိန်းချုပ်ရေးအဖွဲ့အစည်းသို့ လာရောက်စစ်ဆေးရန် ပညာရှင် နည်းပညာ ဆိုင်ရာအဖွဲ့ကို SFDA မှ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ၎င်းခရီးစဉ်အတွင်းဗဟိုမှီငြမ်း ဓာတ်ခွဲခန်းများ၊ ရောဂါ ထိန်းချုပ်ရေးနေရာများ၊ တိရိစ္ဆာန်မွေးမြူရေးခြံများနှင့် အခြား ထိန်းချုပ်ရေး အဖွဲ့အစည်းများ ကဲ့သို့သော ဆက်စပ်နေသည့် အသုံးအဆောင်များ၊ နေရာ များကိုလည်း စစ်ဆေးကြည့်ရှုပါမည်။ ခရီးစဉ်ကြာမြင့်ချိန်နှင့် အချိန်ဇယားတို့ကို ကြိုတင်ဆုံးဖြတ် ထားရပါမည်။

(၆)     နောက်ဆုံးအစီရင်ခံစာ - နည်းပညာဆိုင်ရာအဖွဲ့သည် ၎င်းတို့၏ လေ့လာမှုအတွင်း တွေ့ရှိချက်များကို ပြည့်စုံစွာ အစီရင်ခံတင်ပြသွားမည်ဖြစ် သည်။

အကယ်၍ အစီရင်ခံစာတွင် မကိုက်ညီသည့် အချက်အလက်အချို့အား ထည့်သွင်းဖော်ပြ ထားပါက မပြည့်စုံမှုများ အတွက် လိုအပ်ချက်များကို အများဆုံးရက်ပေါင်း (၉၀) အတွင်း မှန်ကန်သည့် ဆောင်ရွက်မှုများဖြင့် အစီရင်ခံစာတစ်စောင်ပံ့ပိုးပေးရန် ကျွမ်းကျင်ထိန်းချုပ် ရေး အာဏာပိုင်ထံသို့ အကြောင်းကြား၍  တောင်းဆိုသွားမည် ဖြစ်ပါသည်။

(၇)     လာရောက်ပြီးနောက် ထိန်းချုပ်အာဏာပိုင်အားအတည်ပြုချက် - အကဲဖြတ် မေးခွန်းလွှာအပြီးသတ်ပြီး၊ အလည်အပတ်လာရောက်ပြီး တွေ့ရှိချက်များအား ထည့်သွင်း ဆောင်ရွက်ပြီးစီးသည့်အခါ (အကယ်၍ရှိခဲ့ပါက) SFDA မှ ကျွမ်းကျင်ထိန်းချုပ်ရေး အာဏာပိုင်အား အတည်ပြုရေးအတွက် စဉ်းစားသွားမည်ဖြစ်ပါ သည်။

(ဂ)     ဒုတိယ - စိတ်ပါဝင်စားသည့် လုပ်ငန်းများအတည်ပြုခြင်း

ပို့ကုန်တင်ပို့သောနိုင်ငံတွင် ကျွမ်းကျင်ထိန်းချုပ်ရေးအာဏာပိုင် အား SFDA မှ အတည်ပြုပြီးပါက ၎င်းသည် အသား၊ ကြက်သား/ဘဲသားနှင့် ၎င်းတို့၏ ထွက်ကုန်များကို ဆော်ဒီအာရေဗျနိုင်ငံသို့ တင်ပို့ရေးအတည်ပြုရန် အခွင့် အာဏာရှိသွားပြီ ဖြစ်ပါသည်။ ထိုသို့အတည်ပြုရာတွင် ၎င်း လုပ်ငန်းများသည် ပြည်ပပို့ကုန်လိုအပ်ချက်များ၊ SFDA မှ အတည်ပြုထားသော နည်းပညာ ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် စံသတ်မှတ်ချက်များနှင့်အညီ ထိန်းချုပ် ထားခြင်းဖြစ်ကြောင်း ထောက်ခံချက်ပေးမည် ဖြစ်ပါသည်။ SFDA မှ ပို့ကုန် လိုင်စင်ခွင့်ပြုချက် အလားအလာကို ကြိုတင် စဉ်းစားနိုင်ရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံသို့ ၎င်းတို့၏ ကုန်စည်များကိုတင်ပို့လိုသည့် ယုံကြည်လောက်သော လုပ်ငန်းများစာရင်းအား ကျွမ်းကျင်ထိန်းချုပ်ရေးအာဏာပိုင်က ကြိုတင် ပေးပို့ထားရမည် ဖြစ်ပါသည်။ SFDA သည် ၎င်းလုပ်ငန်းများအတွက် သင့်လျော်မှုရှိ၊ မရှိ လုပ်ငန်းခွင်စစ်ဆေးမှုများကို ကျပန်းရွေးချယ်ဆောင်ရွက် သွားခွင့်ရှိပါသည်။ ထိုသို့စစ်ဆေးရာတွင် ပို့ကုန်တင်ပို့သောနိုင်ငံ၏ ကျွမ်းကျင် ထိန်းချုပ်ရေးအာဏာပိုင်နှင့် ပူးပေါင်းစီစဉ်သွားမည် ဖြစ်ပါသည်။

နောက်ဆက်တွဲ