စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ

Wed, 01/24/2024 - 03:19 -- mocadmin

   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ခရီးစဉ်တွင်လိုက်ပါသွားသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား ပြည်နယ်ဦးစီးမှူးရုံး၌ တွေ့ဆုံကာ လမ်းညွှန်အမှာစကားပြောကြားခဲ့ သည်။

   အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိဝန်ကြီးဌာန ၏ လုပ်ငန်းစဉ် (၁၅)ရပ်ကို သိရှိနားလည်ပြီး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်‌ဆောင်ရွက်ရာတွင် ဝိရိယစိုက်ထုတ်၍ မိမိ၏ ကိုယ် စွမ်းဉာဏ်စွမ်းကို မြှင့်တင်ဆောင်ရွက်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် ပုဂ္ဂလိကဏ္ဍနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်၊ စွမ်းဆောင်ရည်ကောင်းသောဌာနဖြစ်အောင် ပူးပေါင်းဆောင်ရွက်ရန်နှင့် အဂတိကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

   ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပြည်နယ်ဦးစီးမှူးရုံးများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages