စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

Thu, 02/22/2024 - 03:51 -- mocadmin

   စစ်ဆေးရေးအရာရှိများလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/ ၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ပြီး စားသုံးသူများအသုံးပြုမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်သည့်ကုန်စည်ဖြစ်စေ၊ ပြည်ပမှ တင်သွင်းသည့်ကုန်စည်ဖြစ်စေ ဈေးကွက်ထဲသို့ ရောက်ရှိလာပါက စစ်ဆေးရမည်ဖြစ်ပါကြောင်း၊ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၉ ခုနှစ်မှစတင်၍ နှစ်စဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ဆေးရေးအရာရှိများအနေဖြင့် မိမိတို့ဌာနရှိ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့် ဆက်စပ်ဌာနများ၏ ဥပဒေ၊ နည်းဥပဒေများကိုသိရှိပြီး စနစ်တကျစစ်ဆေးတတ်စေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ASEAN နိုင်ငံများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများအား သိရှိရန်လေ့လာကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား (၁၈၅) ဦး တက်ရောက်မည်ဖြစ်ပါသည်။

   သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်း ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပြများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages