စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကုန်သွယ်မှုတိုးမြှင့်တင်ပို့ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Mon, 01/29/2024 - 03:44 -- mocadmin

   ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်များတွင် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။  

   ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်နှင့်အညီ ကုန်သွယ်မှုလျာထားဆောင်ရွက်လျက်ရှိကြောင်း၊ လျာထားချက်များ ပြည့်မီစေရေးအတွက် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ရဲ့ လက်ကျန်ကာလ များဖြစ်တဲ့ ဖေဖော်ဝါရီလနှင့် မတ်လနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်များတွင် အားထုတ်ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ယခုကာလသည် ပွင့်လင်းရာသီ ရောက်ရှိလာကာ နိုင်ငံတွင်း စိုက်ပျိုးထုတ်လုပ်သည့် လယ်ယာထွက်သီးနှံများ အများစုထွက်ပေါ်လာ ချိန်ဖြစ်ခြင်း၊ ရေထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ စက်မှုကုန်ချောလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ သတ္တုတွင်းထွက် ကုန်ချောလုပ်ငန်းများလည်း တင်ပို့မှုပိုမိုချိတ်ဆက်လာနိုင်ခြင်းစတဲ့ အခြေအနေ ကောင်းများကို မဏ္ဍိုင်ပြုပြီး ကုန်သွယ်မှုမြှင့်တင်ရမှာဖြစ် ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ Buyer နိုင်ငံများနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် မျှတသည့်ကုန်သွယ်မှု၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်စေရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုန်သွယ်မှုဆောင်ရွက်ရာတွင် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များ လေးစားလိုက်နာပြီး ဥပဒေနှင့်အညီ ကြိုးစားအကောင်အထည်ဖော်ကြရန် တိုက်တွန်းလိုကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများကြောင့် ပြည်သူ များအပေါ် ဖိစီးမှုမဖြစ်စေရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ပေါင်းစပ်ဆောင် ရွက်ရမည့် အစီအမံများကို အကျယ်တဝင့် ပြောကြားခဲ့ပါသည်။

          ထို့နောက် ပို့ကုန်တိုးမြှင့်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး ကုန်သွယ်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကုန်သွယ်မှုမြှင့်တင်ရေး သုံးသပ်တွေ့ရှိချက်နှင့် ဆောင်ရွက်မည့်လုပ်ငန်း စဉ်တို့ကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးပါသည်။       

          ယင်းနောက် တက်ရောက်လာသည့် သက်ဆိုင်ရာအသင်းအဖွဲ့များက ကဏ္ဍအလိုက် အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးကြသည်။

          အစည်းအဝေးသို့ ပြည်ပသို့ ပို့ကုန်ပစ္စည်းတင်ပို့မှုတွင် ထုတ်လုပ်မှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ကုန်ချောထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှု အပိုင်းလိုက် တာဝန်ယူဆောင်ရွက်နေကြသည့် တာဝန်ရှိဌာနများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ သက်ဆိုင်ရာညီနောင်အသင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပို့ကုန်ပစ္စည်းကဏ္ဍအလိုက် တင်ပို့မှု တွင် ပေါင်းစပ်ဆောင်ရွက်ပေးနေသည့် Task Force အဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages