နယ်စပ်မှဆန်တန်ချိန် ၄၄၀၀ ကျော် တင်ပို့နိုင်

Wed, 05/09/2012 - 07:20 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ် စခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၉၅၉ သန်းတန်ဖိုးရှိ ဆန် ၄၄၂၈ တန်ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။  နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၃၆၄၃ တန်၊ လွယ်ဂျယ်မှ တန် ၄၇၀ နဲ့ ချင်းရွှေဟော်မှ ၃၁၅ တန် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဆန်တန် ၆၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ ၁၅၈၅ တန် ယခင်အပတ်က ထက် အပို့လျော့ခဲ့ပါတယ်။ ဧပြီလမှာနယ်စပ်မှ ဆန် ၁၅၇၉၈ တန် တင်ပို့ထားပြီး ဖြစ်ပါတယ်။
MIRT(DOBT)