ဇွန်လအတွင်း အီးယူဒေသ အလုပ်လက်မဲ့နှုန်း စံချိန်တင်မြင့်မားခဲ့သဖြင့် ယူရိုငွေတန်ဖိုးကျဆင်းလာ

Tue, 07/31/2012 - 09:31 -- Anonymous (not verified)

Date : 30 July 2012

ဇွန်လအတွင်း အီးယူဒေသ၏ အလုပ်လက်မဲ့နှုန်းသည် ၁၁.၂% အထိ စံချိန်တင် မြင့်မားခဲ့သည်ဟု ဖော်ပြထားသော အစီရင်ခံစာကို ဇူလိုင်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်သည်။ အဆိုပါသတင်းသည် အီးယူဒေသကြွေးမြီ အကြပ်အတည်းကြောင့် စားသုံးသူခံယူချက် သဘောထားများအပေါ် ဖိအားဖြစ်စေသည် ဆိုသော အချက်ကို ပိုမိုခိုင်မာစေသဖြင့် သီတင်းပတ်နှစ်ပတ်နီးပါး တန်ဖိုးမြင့်နေသော ယူရိုငွေတန်ဖိုး ပြန်လည် ကျဆင်းလာသည်။

ဥရောပဗဟိုဘဏ်တစ်ခုတည်းအနေဖြင့် ဒေသတွင်းကြွေးမြီအကြပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟု Moody’s Investors Service က ပြောကြားထားသည်။ ဗဟိုဘဏ်အနေဖြင့် ငွေကြေးမူဝါဒဆိုင်ရာ စီမံချက်များ ချမှတ်ဆောင်ရွက်သော်လည်း အချိန်ကာလတစ်ခုသာ အကျိုးသက်ရောက်မှုရှိနေသည်။ တစ်ချိန် တည်းမှာပင် ဒေသတွင်း စီးပွားရေးအချက်အလက်များမှာလည်း ဆက်တိုက်အားနည်းနေသဖြင့် စီးပွားရေး ဆိုင်ရာ စာရင်းအင်းထုတ်ပြန်သည့် အချိန်တိုင်း ယူရိုငွေရောင်းချမှုများရှိနေကာ ယူရိုငွေတန်ဖိုးကျဆင်းမြဲဖြစ် သည်။

ယခုလည်း အလုပ်လက်မဲ့နှုန်း စာရင်းများကြောင့် ဇူလိုင်လ (၃၀) ရက်နေ့တွင် ယူရိုငွေတန်ဖိုးကျဆင်း သွားသည်။ ဇူလိုင်လ (၃၀) ရက်နေ့ တိုကျိုစံတော်ချိန် နေ့ခင်း ၁:၂၉ နာရီ နိုင်ငံတကာငွေလဲနှုန်းများအရ ယူရို ငွေသည် ဂျပန်ယန်းနှင့် လဲလှယ်ရာတွင် ဝ.၃% ကျဆင်းသွားပြီး တစ်ယူရိုလျှင် ၉၆.၃၄ ယန်း အထိ ရောက်ရှိ သွားသည်။ ယူရိုငွေတန်ဖိုးသည် ဇူလိုင်လ (၂၇) ရက်နေ့က တစ်ယူရိုလျှင် ၉၇.၃၄ ယန်းအထိ ရောက်ရှိ မြင့်မားခဲ့သည်။

ဥရောပဒေသကြွေးမြီ အကြပ်အတည်းကို ဖြေရှင်းရန် ငွေကြေးမူဝါဒအနေဖြင့် များလှစွာသော ဝန်ထုတ် ဝန်ပိုးနှင့် ဖိစီးမှုများကို သည်းခံရလိမ့်ဦးမည်ဖြစ်ပြီး ယူရိုငွေတန်ဖိုး ပြန်လည်မြင့်မားလာရေး ဆက်လက်ရုန်းကန် ရလိမ့်ဦးမည်ဟု တိုကျိုအခြေစိုက် မစ်ဆူဘီရှီ UFJ Morgan Stanley Securities Co., မှ ငွေကြေးနှင့် ကြွေးမြီ ဆိုင်ရာ အဆင့်မြင့်သုတေသီတစ်ဦးဖြစ်သည့် Daisaku Ueno က ပြောကြားသည်။

Source : Bloomberg.com

pa pa