စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကြာသပတေးနေ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပဆွးနွေးပွဲကျင်းပ

Thu, 12/13/2012 - 06:38 -- Anonymous (not verified)

နေပြည်တော် - ဒီဇင်ဘာ ၁၃

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏  ကြာသပတေးနေ့စကားဝိုင်း ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်  ၉ း ၃၀ တွင် နေပြည်တော် ရုံးအမှတ် (၃) စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ တက်ရောက်ကြပါသည်။

          ဆွေးနွေးပွဲတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးမှ "မိုးလေဝသဆိုင်ရာ ကြိုတင်သတိပေးချက် အသိပညာပေး" ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် မိုးလေဝသအခြေအနေ၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခြင်း၊ ကြိုတင်ခန့်မှန်းခြင်း စသည်တို့နှင့်ပတ်သက်ပြီး Powerpoint Presentation ဖြင့် အသေးစိတ် ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးအောင်မှ ရာသီဥတုအခြေအနေနှင့် ဆည်စိုက်ခင်းများ ဆက်စပ်နေမှုကို ဖြည့်စွက်ဆွေးနွေးပြောကြားပါသည်။ ထို့နောက် မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ အထွေထွေမန်နေဂျာ ဦးလှမော်ဦးမှ နိဂုံးချုပ် စကားပြောကြားပါသည်။ ယင်းနောက် အထွေထွေမန်နေဂျာ ဦးလှမော်ဦးမှ ဆွေးနွေးဟောပြောသူ ဦးကျော်လွင်ဦးအား အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ် ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။