ကားပါမစ်များကို နေ့ချင်းပြီးထုတ်ပေးနေ ၊ ၂၃-၉-၂၀၁၁ ရက်နေ့အထိ ကားပါမစ် ၂၇ စောင် ထုတ်ပေးပြီးဖြစ်

Mon, 09/26/2011 - 05:47 -- Anonymous (not verified)

            နေပြည်တော် ရုံးအမှတ် (၃) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကညန ၊ MFTB / MICB ၊ အကောက်ခွန်နှင့် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပါဝင်သည့် One Stop Services အဖွဲ့သည် စက်တင်ဘာ လ (၁၉) ရက်နေ့မှစပြီး သက်တမ်းလွန် မော်တော်ယာဉ်များ အတွက် သွင်းကုန်ပါမစ်များကို ထုတ်ပေးနေပြီဖြစ်သည်။

            စက်တင်ဘာလ (၁၉) ရက်နေ့မှ (၂၂) ရက်နေ့အတွင်း ကားပါမစ် (၉) စောင်ကို ထုတ်ပေးခဲ့ပြီး ပါမစ်ထုတ်ပေးခဲ့သည့် ကားအမျိုးအစားများမှာ ဂျပန်မှ တင်သွင်းမည့် Saloon (၈) စီးနှင့် Wagon (၁)စီးဖြစ်ကြောင်း နှင့် စက်တင်ဘာလ (၂၃) ရက်နေ့တွင် ပါမစ် (၁၈) စောင် ထုတ်ပေးခဲ့ပြီးကြောင်း သတင်းရရှိပါသည်။