ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၄.၆၇၆) ဒေါ်လာသန်း နှင့် သွင်းကုန် (၁၃.၀၈၄) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁၇.၇၆၀) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့်ပို့ကုန်(၃၆၄) စီး၊ သွင်းကုန် (၇၈၂) စီး ဆောင်ရွက်နိုင် ခဲ့ပါသည်။
မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ( ၁၈ ) ရက်နေ့မှ ( ၂၂ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၅၂၆) သန်း၊ သွင်းကုန်တန်ဖိုးအမေရိ ကန်ဒေါ်လာ (၀.၀၀၃၄) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၅၆)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင် ခဲ့ပါသည်။
၁။ မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ(၁၇-၁၀-၂၀၂၃)ရက်နေ့မှ(၂၀-၁၀-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့်လယ်ယာ ထွက်ကုန်ပစ္စည်းများဖြစ်သည့် ပြောင်း၊ ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ကွမ်းသီးခြောက်၊ ချင်း(ခြောက်)၊ ရေထွက်ပစ္စည်း ဖြစ်သော ငါးကြိတ်သားနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။
၂။ (၁၇-၁၀-၂၀၂၃)ရက်နေ့မှ(၂၀-၁၀-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီနှင့် CMP ပစ္စည်းများဖြစ်ပါသည်။
၁။ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထား ပါက ခွင့်ပြုပေးလျက်ရှိပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီးအောက်တိုဘာလ (၁-၁၀-၂၀၂၃မှ၁၇-၁၀-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၁၅၆)ဒေါ်လာသန်း၊ သွင်းကုန်(-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၁၅၆) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၁၀.၁၉%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၆) ရက်နေ့မှ ( ၁၇ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၇၅၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (-) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၇၅၄)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင် ခဲ့ပါသည်။
မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့မှ အောက်တိုဘာလ(၁၇) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သားတစ်တန်လျှင်(၁၈၀၁)ဒေါ်လာနှုန်းဖြင့်(၂၁.၆၀၀)တန်၊ တန်ဖိုး (၀.၀၃၉)ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထ
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှအောက်တိုဘာလ ၁၇ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၃၁.၉၁၄) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၅၄.၅၆၅) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၈၆.၄၇၉) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၇-၁၀-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် Maganese Dioxide(၂၂၈) တန်၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ(၁၂)တန်၊ တန်ဖိုး (၀.၀၀၆)ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ (၃၀)တန်တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စုစုပေါင်း(၀.၀၂၇)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲန