ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ယင်း သို့ ခွင့်ပြုပေးရာတွင် ပြည်တွင်း စိုက်ပျိုးထွက်ရှိမှုအပေါ် မူတည်၍ ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း ကုန်သွ ယ်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ရာသီပေါ်သီးနှံများ ပြည်ပမှ တင်သွင်း ခြင်းအတွက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး သွင်းကုန်လိုင်စင် လျှောက် ထားရန် လိုအပ်သော သီးနှံများ တင်သွင်းမှုနှင့် ပတ် သက်၍ စိုက်ပျိုးရေး ဦးစီးဌာန၏ တင်သွင်းခွင့် ထောက်ခံချက် လက်မှတ်နှင့်အတူ သွင်းကုန်လိုင်စင် လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလကုန်သွယ် မှုလျာထားချက် ပို့ကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ သုည ဒသမ ၅ သန်းနှင့် သွင်းကုန်တန်ဖိုး ၄ ဒသမ ၁၅ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ လျာထားချက် ၄ ဒသမ ၆၅ သန်းအပေါ်မှာ စုစု ပေါင်းကုန်သွယ်မှုပမာဏအမှန်ဆောင် ရွက်နိုင်မှုသည် (ယာယီ) စာရင်းအရ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၁၇ သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လျာထားချက်အပေါ် ၁၀၃ ဒသမ ၅၉ ရာခိုင် နှုန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်။
ယခုရက်သတ္တပတ်အတွင်း မူဆယ်( ၁၀၅)မိုင် သစ်သီး ဝလံကုန်စည်ဒိုင်မှ တရုတ်သို့ ဖရဲသီးတင်ပို့မှုအနေဖြင့် ဖရဲ ကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်းကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲ တင်ပို့မှုမှာ နည်းသွားသော်လည်း ဈေးကောင်းရနေသည်။ သခွားတင်ပို့မှုနည်းသွားပြီး ဈေးမှာအနည်းငယ်လျော့သွား သော်လည်း သရက်သီးတင်ပို့မှုမှာ တဖြည်းဖြည်းများလာပြီး ဈေးကောင်းရနေသည်။ ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း ဖရဲကား ၁၁၀၅ စီး၊ တန်ချိန် ၁၃၁၃၆ တန်၊ ရွှေသခွား ၁၂ စီး၊ တန်ချိန် ၆၆ ဒသမ ၅ တန်၊ သရက်ကားစီးရေ ၄၀၆ စီး၊ တန်ချိန် ၂၂၉၆ ဒသမ ၅ တန်တင်ပို့ရောင်းချခဲ့ကြောင်း သစ်သီးဝလံ ကုန်စ
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ဧပြီ ၁ ရက်မှ ၅ ရက်အထိ တရုတ်နိုင်ငံသို့ကြက်သွန်နီ တင်ပို့မှုအခြေအနေကို စိစစ်ကြည့်ရာ တန်ချိန် ၂၉၇ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၂ သန်း၊ ကားစီးရေ ၉၀ ဖြင့် တင်ပို့နိုင် ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက် အထိ ကြက်သွန်နီတန်ချိန် ၁၆၆၆၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၉၀ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မြို့တွင်းတွင် လက်ရှိဖြစ်ပေါ်နေ သော ကြက်သွန်နီဝယ်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆၀၀ နှုန်းဖြင့် တစ်တန်လျှင်ကျပ် ၃၆၇၂၀၀ ဖြင့်ဝယ်ယူပြီး ပြန်လည်ရောင်းချမှုဈေးမှာ တစ် ပိဿာလျှင်ကျပ် ၁၀၀၀ နှုန်းဖြင့် တစ်တန်လျှင် ကျပ် ၆
နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့်အတူ ပိုမိုဖွံ့ဖြိုး တိုးတက်လာတော့မည့် ချင်းရွှေဟော်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက် မှုသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည့်စုံကြွယ်ဝမှုတို့ အတွက် အဓိက ကျသည့်အချက်ဖြစ်ပါတယ်။ ကုန်သွယ်မှုသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်ပါတယ်။ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းကုန် သွယ်မှုသာမက နိုင်ငံတကာနှင့် ကုန်သွယ် မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် ကဏ္ဍတစ် ရပ်ဖြစ်သည့်အတွက် စီးပွားရေးနှင့်ကူး
မြန်မာနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယပြည်သူ့ သမ္မတနိုင်ငံတို့အကြား တည်ရှိကာ ကုန်သွယ်မှုအချက်အချာကျသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံများ၊ အနောက်ဥရောပနိုင်ငံများနှင့်လည်း ကုန်သွယ်မှု ပြုလျက်ရှိပါတယ်။
အင်းတော်မြို့နယ်မှာ ဆောင်းသီးနှံ မုန်ညင်းကြီးကို ဧကကျယ်ကြီးများနဲ့ စိုက်ပျိုးလာတာ တွေ့ရ ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းမှာ မုန်ညင်းကို အမျိုးမျိုး စီမံစားသောက်ကြပါတယ်။ သည်ဘက်ဒေသမှာ မုန်ညင်းကို အချဉ်တည် စဉ့်အိုး များနဲ့လှောင်ပြီး နှစ်ပေါက်ရောင်းချတဲ့သူများ ရှိနေပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး ရက်ခြောက်ဆယ်ခူးဆွတ်ရောင်းချရတဲ့အတွက် လျင်မြန်စွာ ငွေဝင်တဲ့ သီးနှံဖြစ် ကြောင်းသိ ရပါတယ်။
မြန်မာထောပတ်သီးများ တရုတ် နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရတော့မယ် လို့ မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးကုန်သည် အချို့ဆီက သိရပါတယ်။ မကြာသေးခင် က မူဆယ်မြို့မှာ ပြုလုပ်တဲ့ ၁၇ ကြိမ် မြောက် မြန်မာ-တရုတ် နယ်စပ် ကုန်စည် ပြပွဲမှာ သစ်သီးကုန်သည် အစုအဖွဲ့တွေ အနေနဲ့ တရုတ်ဘက်ကို ထောပတ်သီး တွေ တရားဝင်တင်ပို့နိုင်ရေး တရုတ် ဘက်ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ထောပတ်သီးကို တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေးစစ်ဆေးရေးနှင့် ကွပ်ကဲ ရေးဝန်ကြီးဌာန (AQSIQ) မှာ စာရင်းမဝင် တဲ့အတွက် တရားမဝင်ဘဲဖြစ်နေပြီး တရားဝင်တင်ပို့နိုင်ခြင်း မရှိသေးပါ။ ဒါ့ကြောင့် လက်ရှိအချိန်အထိ တရုတ
ယခုတစ်ပတ် ပဲခူးဈေးကွက်ရှိ သား/ငါးလက်လီဈေးကွက်တွင် ဝက်သားတစ်ပိဿာလျှင် ကျပ် ၈၀ဝဝ၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၁၅၀ဝဝ၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၉၀ဝဝ၊ ကြက်သား (ဃဏ) တစ်ပိဿာလျှင် ကျပ်၇၀ဝဝ၊ ကြက်သား (ဒေသတောကြက်) တစ်ပိဿာလျှင် ကျပ် ၁၀ဝဝဝ၊ ငါးခူ တစ်ပိဿာလျှင် ကျပ် ၈၀ဝဝ၊ ငါးရံ့ တစ်ပိဿာလျှင် ကျပ် ၇၀ဝဝ၊ ငါးသလောက် တစ်ပိဿာလျှင် ကျပ် ၁၀ဝဝဝ၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ ဖြင့် ဈေးနှုန်း အတက်အကျမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
သန်းသန်း(ပဲခူး)
ယခုတစ်ပတ် ပဲခူးဈေးကွက်တွင် ချင်းဈေးမှာအတက်အကျမရှိဘဲ တစ်ပိဿာ လျှင် ကျပ် ၂၀ဝ၀ မှ ကျပ်၂၂၀ဝ အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အခြား အတွက်သုံးသည့် လှီးပြီးသားချင်းမှာ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ မှ ကျပ် ၃၅၀ဝ ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ် လျက်ရှိေ ကြာင်း သိရှိရပါသည်။
မော်မော်အောင်