ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ်အချက်အလက်များ MACCS စနစ်သို့မရောက်ရှိပါက မည်သို့ ဆောင်ရွက်ရမည်နည်း?

ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ်အချက်အလက်များ MACCS စနစ်သို့ မရောက်ရှိပါက အကောက်ခွန် ဦးစီးဌာန၏ Helpdesk ဖုန်းဖြစ်သော 01-379429 နှင့် email : [email protected] သို့ အကြောင်းကြားဆောင်ရွက်ရမည်ဖြစ်ပါသည်။

ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားမှုအပေါ် ဌာနမှစစ်ဆေးချက်အရ ပြင်ဆင်ရန် လိုအပ် ချက်ရှိခြင်း၊ စာရွက်စာတမ်း ပြည့်စုံမှုမရှိခြင်းကြောင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များရှိပါက ဌာနမှ Message ပေးပို့သည့်နေ့မှ ဘယ်နှစ်ရက်အကြာတွင် စနစ်မှအလိုအလျောက်ပယ်ဖျ

ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားမှုအပေါ် ဌာနမှစစ်ဆေးချက်အရ ပြင်ဆင်ရန် လိုအပ် ချက်ရှိခြင်း၊ စာရွက်စာတမ်း ပြည့်စုံမှုမရှိခြင်းကြောင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များရှိပါက ဌာနမှ Message ပေးပို့သည့်နေ့မှ 
-    ပို့ကုန်ပိုင်းတွင် (၁၄) ရက် အတွင်း 
-    သွင်းကုန်ပိုင်းတွင် (၇) ရက် အတွင်း 
လုပ်ငန်းရှင်မှ ပြန်လည်တင်ပြခြင်းမရှိပါက စနစ်မှ အလိုအလျောက်ပယ်ဖျက် (Auto Cancel) ပြုလုပ်မည်ဖြစ်ပါသည်။

ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားမှုအပေါ် ဌာနမှ လိုင်စင်ခွင့်ပြု(Approve) ပြုလုပ်ပြီး ဘယ်နှစ်ရက်အတွင်း Online Payment ပေးချေပြီးလိုင်စင်ထုတ်ယူရပါသလဲ? (၇) ရက်ကျော်မှ ထုတ်ယူပါက မည်သို့ဖြစ်နိုင်သလဲ?

ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားမှုအပေါ် ဌာနမှ လိုင်စင်ခွင့်ပြု (Approve) ပြုလုပ်ပြီး ၇ ရက်အတွင်း Online Payment ပေးချေပြီးလိုင်စင်ထုတ်ယူရပါသည်။ Approve ကျပြီး ၇ ရက် ကျော်ပါက လိုင်စင်ကြေးအပြင် အောက်ပါအတိုင်း ရက်အလိုက်ဒဏ်ကြေးများကို ပေးသွင်းရမည် ဖြစ်ပါသည် -
    (က)    ၈ ရက်မှ ၁၄ ရက်အတွင်းထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေကျပ် ၄၅၀၀၀ ၊
    ( ခ )    ၁၅ ရက်မှ ၃၀ ရက်အတွင်းထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေကျပ် ၉၀၀၀၀ ၊