အမှတ်တံဆိပ်သော်လည်းကောင်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားသော် လည်းကောင်း ကွဲလွဲလျှင် မည်သို့ ဆက်လက်ဆောင်ရွက်ရမည်နည်း။

အမှတ်တံဆိပ်သော်လည်းကောင်း၊ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု အမျိုးအစားသော်လည်း ကောင်း ကွဲလွဲလျှင် အမှတ်တံဆိပ် အသစ်အဖြစ် ယူဆမည်ဖြစ်ပြီး အဆိုပါ အမှတ်တံဆိပ် အသစ်များအတွက် မူပိုင်ခွင့်ရုံး တရားဝင်စတင်ဖွင့်သည့် နေ့ရက်မှသာ လက်ခံဆောင်ရွက်သွား မည် ဖြစ်ပါသည်။

သက်သေခံအထောက်အထားအထားများကို မည်သည့်ဘာသာဖြင့် တင်ပြရမည်နည်း။

သက်သေခံအထောက်အထားမျာအား မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် လက်ခံမည်ဖြစ်ပါသည်။ တခြားဘာသာစကားများဖြင့် ရေးသားထားသော သက်သေခံ အထောက်အထားများကို မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆို (translation) ပေးရမည် ဖြစ်ပါသည်။