ယှဉ်ပြိုင်မှုဥပဒေပါ တားမြစ်ချက်တွေကို ဘယ်လိုအခြေအနေမျိုးတွေမှာ ကင်းလွတ်ခွင့် ပေးပါသလဲ?

လုပ်ငန်းတွေပူးပေါင်းပြီးပေမယ့် ထိုပေါင်းစည်းထားတဲ့လုပ်ငန်းက SME အရွယ် အစား၌ပင် ရှိနေသေးခြင်း၊ ပူးပေါင်းထားသောလုပ်ငန်းများထဲမှတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောလုပ်ငန်းက ဒေဝါလီခံရတော့မယ့်အခြေအနေမှာ ရှိနေခြင်း၊ လုပ်ငန်းများပူးပေါင်းခြင်းကြောင့် ပို့ကုန်တင်ပို့မှုကို မြင့်တက်စေခြင်း၊ နည်းပညာ တိုးတက်စေခြင်း ဒါမှမဟုတ် စွန့်ဦးတီထွင်လုပ်ငန်းများ တည်ထောင်ခြင်း ကဲ့သို့ သော အခြေအနေမျိုးမှာ ယှဉ်ပြိုင်မှုဥပဒေပါ တားမြစ်ချက်တွေကနေ ကော်မရှင် အနေနဲ့ ကင်းလွတ်ခွင့်ပေးနိုင်ပါတယ်။
 

ဘယ်သူတွေက တိုင်ကြားနိုင်ပါသလဲ?

ယှဉ်ပြိုင်မှုဥပဒေမှာ ပါဝင်တဲ့ တားမြစ်ချက်တစ်ရပ်ရပ်ကို တစ်စုံတစ်ဦးက ဖောက်ဖျက်ကြောင်းကို သိရှိတဲ့သူ ဒါမှမဟုတ် ဖောက်ဖျက်တယ်လို့ သံသယရှိ တဲ့သူ ဘယ်သူမဆို တိုင်ကြားနိုင်ပါတယ်။
 

ယှဉ်ပြိုင်မှုဥပဒေနဲ့ပတ်သက်ပြီး ဘယ်လိုတိုင်ကြားရပါမလဲ?

ယှဉ်ပြိုင်မှုနည်းဥပဒေပါ တိုင်ကြားမှုပုံစံ (ပုံစံ-၁) ကို ပြည့်စုံစွာဖြည့်စွက်ပြီး မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သို့ တိုက်ရိုက်ဖြစ်စေ၊ ကော်မရှင်ရုံးမှတစ်ဆင့် ဖြစ်စေ တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားစာကို စာတိုက်ကဖြစ်စေ၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ရဲ့ တရားဝင်အီးမေးလ်ဖြစ်တဲ့ mmcc.office@commerce .gov.mm သို့ဖြစ်စေ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဝဘ်ဆိုဒ်ဖြစ်တဲ့ www.mmcc.gov.mm သို့ဖြစ်စေ ပေးပို့တိုင်ကြားနိုင်ပါတယ်။
 

တိုင်ကြားသူရဲ့ တာဝန်နဲ့ အခွင့်အရေးတွေက ဘာတွေပါလဲ ?

တိုင်ကြားသူဟာ တိုင်ကြားချက်နဲ့စပ်လျဉ်းပြီး တင်ပြခွင့်ရှိပါတယ်။ တိုင်ကြားတဲ့ ကိစ္စကို သိရှိတဲ့သက်သေတွေကို တင်ပြခွင့်ရှိပါတယ်။ စုံစမ်းစစ်ဆေးတဲ့ကိစ္စနဲ့ သက်ဆိုင်တဲ့ သက်သေခံအထောက်အထား၊ စာရွက်စာတမ်း၊ ငွေရေးကြေးရေး အထောက်အထား၊ သံသယဖြစ်ဖွယ်ကိစ္စရပ်များနဲ့ ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြချက်များကို တင်ပြနိုင်ပါတယ်။ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက် ရပါမယ်။ 
 

တိုင်ကြားမှုပုံစံကို ဘယ်မှာရယူနိုင်ပါမလဲ?

တိုင်ကြားမှုပုံစံ (ပုံစံ-၁) pdf ဖိုင်ကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဝက်ဘ်ဆိုဒ် ဖြစ်တဲ့ www.mmcc.gov.mm နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ www.commerce.gov.mm တို့ကနေ download ရယူနိုင်ပါတယ်။ 
 

တိုင်ကြားသူအတွက် လုံခြုံမှုရှိစေဖို့ ဘယ်လိုစီမံဆောင်ရွက်ပေးပါသလဲ?

ကော်မရှင်နဲ့ ကော်မရှင်ရုံးအနေနဲ့ တိုင်ကြားသူရဲ့ လုံခြုံရေးအတွက် သူ့ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ အခြားသက်ဆိုင်တဲ့ အချက်အလက်တွေကို လျှို့ဝှက်ထားပေးမှာဖြစ်ပါတယ်။
 

တိုင်ကြားသူသတိပြုရမည့်အချက်တွေကဘာတွေပါလဲ?

တိုင်ကြားတဲ့သူက မရိုးမဖြောင့်တဲ့သဘောနဲ့ အကြောင်းခြင်းရာတွေကိုထိန်ချန်ပြီး တိုင်ကြားထားတာမျိုး၊ လိမ်လည်တိုင်ကြားတာ၊ မုသားသက်သေထွက်ဆိုတာနဲ့  မဟုတ်မမှန်သက်သေအထောက်အထားတင်ပြတာမျိုးဆိုရင်တော့ တိုင်ကြားသူ ကို တည်ဆဲဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်ပါတယ်။
 

ဆက်သွယ်စုံစမ်းတိုင်ကြားနိုင်တဲ့ လိပ်စာအပြည့်အစုံကဘာပါလဲ?

ဆက်သွယ်စုံစမ်းတိုင်ကြားနိုင်တဲ့ လိပ်စာအပြည့်အစုံကတော့ 
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
ကော်မရှင်ရုံး
ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်။    
ဖုန်း        - ၀၆၇(၃)၄၀၈၅၀၅
ဖက်စ်        - ၀၆၇(၃)၄၀၈၅၀၆
အီးမေးလ်        - [email protected]