DEDC ဆိုတာ ဘာလဲ?

DEDC သည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အဆင့်ဖွဲ့စည်းထားသော ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကော်မတီ (Digital Economy Development Committe-DEDC) ဖြစ်ပါသည်။  
 

DEDC ၏ အဓိက ရည်ရွယ်ချက်က ဘာလဲ?

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးစသည့်ကဏ္ဍအားလုံးတွင် ဒီဂျစ်တယ် နည်းပညာများကိုအသုံးပြု၍ ပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် စီးပွားရေးတို့ကို တိုးတက်အောင် ဆောင်ရွက်ရန် ဖြစ်ပါသည်။  
 

DEDC ကို ဆက်သွယ်နိုင်မည့် အချက်အလက်များကို သိပါရစေ?

ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ အတွင်းရေးမှူး (၁) ရုံး
ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ် ၃ ၊ နေပြည်တော်
Email:[email protected] , [email protected]