မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုထားသည့်နိုင်ငံ ဘယ်နှစ်နိုင်ငံရှိပါသလဲ။

မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံ (၅)နိုင်ငံ ရှိပါသည်။ ၎င်းနိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအို တို့ ဖြစ်ပါသည်။

ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်များမှ ကုန်သွယ်ရေးဆိုင်ရာ အခက်အခဲ များ ကြုံတွေ့ရပါက နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲအနေဖြင့်မည်သို့ ကူညီဖြေရှင်း ဆောင်ရွက်ပေးသနည်း။

ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်များမှ ကုန်သွယ်ရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့ရပါက သံတမန်လမ်းကြောင်းမှတစ်ဆင့် ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် နှစ်နိုင်ငံအကြား ကျင်းပသည့် အစည်းအဝေးများ၌ ထည့်သွင်းဆွေးနွေးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံနှင့် ဆန်စာချုပ် ချုပ်ဆိုထားသည့် နိုင်ငံရှိပါသလား။ တစ်နှစ်လျှင် ဆန်တန် ချိန် မည်မျှတင်ပို့ရန် သဘောတူထားပါသလဲ။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် နှစ်နိုင်ငံဝန်ကြီးအဆင့်မှ သက်တမ်းတိုး လက်မှတ် ရေးထိုးခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာသည် သက်တမ်း (၅) နှစ် ရှိမည်ဖြစ်ပြီး တစ်နှစ်လျှင် မြန်မာဆန်ဖြူတန်ချိန် (၂၅၀,၀၀၀) နှင့် ပေါင်းဆန် (၅၀,၀၀၀) တို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် သဘောတူညီခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ပဲကုန်သွယ်မှုနှင့်ပတ်သက်၍ နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆိုထားခြင်း ရှိပါသလား။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့်ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် လက်မှတ်ရေးထိုး ခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှ နှစ်စဉ်မတ်ပဲတန်ချိန် (၂.၅) သိန်းနှင့် ပဲစင်းငုံတန်ချိန် (၁) သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုမှတစ်ဆင့် နောင်ဘဏ္ဍာ နှစ် (၅) နှစ်အတွင်း အိန္ဒိယနိုင်ငံသို့ တင်ပို့ရန် သဘောတူခဲ့ပါသည်။