အတည်ပြုပို့ကုန်တင်ပို့သူ အစီအစဉ်ဆိုတာ ဘာလဲ

“အတည်ပြုပို့ကုန်တင်ပို့သူ” အစီအစဉ်ဆိုသည်မှာ အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်အောက်ရှိ ရှေ့ပြေးစီမံကိန်းတစ်ရပ် ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကအတည်ပြုထားသည့်အတည်ပြုပို့ကုန်တင်ပို့သူများသည် CO Form-D လျှောက်ထားခြင်းအစား ၎င်းတို့ကုန်စည်များ၏ပင်ရင်းကို ကြေညာနိုင်ပါသည်။ ဤပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်စနစ်မှာ အာဆီယံဒေသတွင်း ကုန်စည်စီးဆင်းမှုကို ပိုမိုလွယ်ကူ စေပါသည်။

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များနှင့် ထုတ်ကုန်မှတ်ပုံတင်လက်မှတ်များကို မည်သူက ထုတ်ပေးနိုင်သလဲ

မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များနှင့် ထုတ်ကုန်မှတ်ပုံတင် လက်မှတ်များကို  စိစစ် ခွင့်ပြုထုတ်ပေးသည့် အာဏာပိုင်တစ်ရပ်ဖြစ်ပါသည်။

အကောက်ခွန်သက်သာခွင့်နှင့် မသက်ဆိုင်သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ဆိုတာ ဘာလဲ

ရိုးရိုးပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ဟု လူသိများသည့် အကောက်ခွန်သက်သာခွင့်နှင့်မသက်ဆိုင်သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ဆိုသည်မှာ ကုန်စည်၏ပင်ရင်းကို သတ်မှတ်ပေးသော စာရွက်စာတမ်းဖြစ်သည်။

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ဆိုတာ ဘာလဲ

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ဆိုသည်မှာ ကုန်တင်ပို့နိုင်ငံ၏ ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း သက်သေပြနိုင်သည့် အထောက်အထားကို ဆိုလိုသည်။ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်း နိုင်ငံသက်သေခံလက်မှတ်နှင့် အကောက်ခွန်သက်သာခွင့်နှင့် မသက်ဆိုင်သော ပင်ရင်းနိုင်ငံသက် သေခံလက်မှတ်ဟူ၍ လက်မှတ် (၂) မျိုး ရှိသည်။

ပင်ရင်းနိုင်ငံစည်းမျဉ်းများဆိုတာ ဘာလဲ

သက်ဆိုင်ရာ နိုင်ငံစုံလွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်များ သို့မဟုတ် တစ်ဖက် သတ်အကောက်ခွန်သက်သာခွင့်ဆိုင်ရာ အစီအစဉ်များ၏ပင်ရင်းနိုင်ငံစည်းမျဉ်းများအရ မြန်မာ နိုင်ငံမှ တင်ပို့သော ကုန်စည်တစ်ခုသည် ပင်ရင်းထုတ်ကုန်အဖြစ် အရည်အချင်းပြည့်မီပြီး၊ ကုန် တင်သွင်းနိုင်ငံသို့ တင်သွင်းရာတွင် အကောက်ခွန်သက်သာခွင့် ရရှိစေပါသည်။

မြန်မာနိုင်ငံ၏ ပင်ရင်းထုတ်ကုန်အခြေအနေကို အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်မှတစ်ဆင့် အတည်ပြုနိုင်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မည်သည့် ရုံးခွဲများသည် Online Certificate of Origin လျှောက် လွှာများကို လက်ခံသလဲ

Online Certificate of Origin လျှောက်လွှာများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးခွဲများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ရန်ကင်းမြို့နယ်ရှိရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းအဖွဲ့ရုံး၊ ကုန်သွယ်ရေးဦးစီးဌာန နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့တွင် တင်ပြနိုင်ပါသည်။