ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များနှင့် ထုတ်ကုန်မှတ်ပုံတင်လက်မှတ်များကို မည်သူက ထုတ်ပေးနိုင်သလဲ

မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များနှင့် ထုတ်ကုန်မှတ်ပုံတင် လက်မှတ်များကို  စိစစ် ခွင့်ပြုထုတ်ပေးသည့် အာဏာပိုင်တစ်ရပ်ဖြစ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ ကုန်စည်အားလုံး အတွက် အကောက်ခွန်သက်သာခွင့်နှင့် မသက်ဆိုင်သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် ထုတ်ပေးခွင့် အာဏာအပ်နှင်းထားပြီး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်သို့ ​ရေထွက်ကုန်စည်များအတွက် အကောက် ခွန်သက်သာခွင့်နှင့် မသက်ဆိုင်သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ထုတ်ပေးခွင့် အာဏာ အပ်နှင်းထားပါသည်။

သို့ဖြစ်ရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်သည် ကုန်စည်အားလုံးအတွက် အကောက်ခွန်သက်သာခွင့်နှင့် မသက်ဆိုင်သော ပင်ရင်း နိုင်ငံသက်သေခံလက်မှတ်များကို စိစစ်ခွင့်ပြုထုတ်ပေးနိုင်ပြီး၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် သည်​ ရေထွက်ကုန်စည်များအတွက် အကောက်ခွန်သက်သာခွင့်နှင့် မသက်ဆိုင်သော ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များကို စိစစ်ခွင့်ပြုထုတ်ပေးနိုင်ပါသည်။