အတည်ပြုပို့ကုန်တင်ပို့သူ အစီအစဉ်ဆိုတာ ဘာလဲ

“အတည်ပြုပို့ကုန်တင်ပို့သူ” အစီအစဉ်ဆိုသည်မှာ အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်အောက်ရှိ ရှေ့ပြေးစီမံကိန်းတစ်ရပ် ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကအတည်ပြုထားသည့်အတည်ပြုပို့ကုန်တင်ပို့သူများသည် CO Form-D လျှောက်ထားခြင်းအစား ၎င်းတို့ကုန်စည်များ၏ပင်ရင်းကို ကြေညာနိုင်ပါသည်။ ဤပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်စနစ်မှာ အာဆီယံဒေသတွင်း ကုန်စည်စီးဆင်းမှုကို ပိုမိုလွယ်ကူ စေပါသည်။

စီးပွားရေးလုပ်ငန်းရှင်များသည် ဤ Website မှတစ်ဆင့် အတည်ပြုပို့ကုန်တင်ပို့သူ မှတ်ပုံတင်နံပါတ်ကို လျှောက်ထားရယူနိုင်ပြီး၊ ၎င်းတို့၏ အရောင်းပြေစာကြေညာချက်များအား Upload ပြုလုပ်ပေးနိုင်ပါသည်။ ဤနည်းဖြင့် စီးပွား/ ကူးသန်းဝန်ကြီးဌာနသို့ လူကိုယ်တိုင် စာရွက်စာတမ်းများအား လာရောက်တင်ပြရန် မလိုအပ်တော့ပေ။

အချက်အလက်များထပ်မံသိရှိလိုပါက-

http://www.commerce.gov.mm

http://www.myanmartradeportal.gov.mm