ဟိုပုံးဈေးကွက် ချင်းခြောက်ကို မူဆယ်ဝယ်လက်အဝယ်သွက်

ဟိုပုံးဈေးကွက်ကိုဝင်တဲ့ ချင်းစိုကအရောင်းအဝယ် သိပ်မဖြစ် လို့ တောင်သူ တွေ အခြောက်အဖြစ် သာပြုလုပ်လာကြပါတယ်။ ချင်း (စို) က ဝယ်လက်ကို စောင့်ရင်းနဲ့ အရောင်းအဝယ် မဖြစ်တော့တာကြောင့် ချင်း(ညံ့)၊ ချင်း (ကောင်း)တွေကိုပါ တစ်ခါတည်းပြုတ်ခြောက် လုပ်လိုက်ရတယ်လို့ ဈေးကွက်ကသိရပါတယ်။ အစိုဈေးက အညံ့စဆိုရင်တစ်ပိဿာ ၃၀၀ ကျပ်၊ ထိပ်စ ဆိုရင် ၃၅၀ ကျပ်-၄၀၀ ကျပ်ခန့်သာရှိပြီး၊ ဝယ်လက်လည်းမရှိလို့ အခြောက ်ပြုလုပ်ကြပါတယ်။ ဟိုပုံးချင်းခြောက်တွေ ကိုတော့ မူဆယ်ဝယ်လက်တွေက ဝယ်ယူနေ ပြီး တစ်ပိဿာ ၂၀၀၀ ကျပ် ဈေးပေါက်နေပါတယ်။ ချင်းခြောက်ကလည်း ဈေးကွက်မှာအဝင်ပုံမှန်ရှိသလို အရောင်းကလည်း ပုံမှန်ရှိ နေပါတယ်။ မူဆယ်ဝယ်လက်တွေက တစ်ပတ်အတွင်းမှာချင်းခြောက် ပိဿာချိန်ပေါင်း ငါးသောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုက ပုံမှန်အဝင်ရှိနေပြီးပြည်တွင်းသုံးနဲ့ လှောင်လက်တွေဝယ်ယူနေလို့ အရောင်းသွက်လာတယ်လို့သိရပါတယ်။ ရန်ကုန်၊ တပ်ကုန်း၊ နေပြည်တော် စတဲ့ မြို့တွေကဈေးပတ် သမားတွေက အလှူရာသီဖြစ်တာ ကြောင့်ချင်းထိုးဖို့အတွက် ဝယ်ယူမှုရှိသလို၊ လှောင်လက ်တွေဖြစ်တဲ့ စစ်တွေ၊ ပြည်၊ မုံရွာ စတဲ့မြို့တွေကလည်း အဝယ်ရှိနေပါတယ်။ တစ်ပတ်အတွင်းချင်းစို ပိဿာချိန် ပေါင်း ၁ ဒသမ ၂၅ သိန်းနဲ့ ချင်းခြောက်ပိဿာချိန် သုည ဒသမ ၇ သိန်း အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောင်ပန်း ဈေးကွက်မှာ  ချင်းစိုတစ်ပိဿာပေါက်ဈေးက အနိမ့်ဆုံး ၃၅၀ ကျပ်မှ အမြင့်ဆုံး ၆၀၀ ကျပ်၊ ချင်းခြောက်က အနိမ့်ဆုံး ၁၈၀၀ ကျပ်မှ အမြင့်ဆုံး ၂၂၀၀ ကျပ်ဈေးရှိပါတယ်။                             
ဧဧခိုင်-တောင်ကြီး