မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

           အမေရိကန်နိုင်ငံအလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေထုတ်ပြန် တဲ့အခါ ဗဟိုဘဏ်က ယခုလထဲမှာ အတိုးနှုန်းတွေ တိုးမြှင့်ပေးမယ့် အလားအလာတွေတွေ့ရ မလား ဆိုတဲ့အတွေး ကြောင့်ရင်းနှီးမြှုပ်နှံသူတွေကသတိထား ဆောင်ရွက်လာကြတဲ့အတွက်စက်တင်ဘာ ၄ ရက်နေ့ မှာအာရှငွေ ကြေးအများစုတန်ဖိုးကျဆင်းခဲ့ပြီး ရက်သတ္တပတ် အ လိုက် နှိုင်း ယှဉ်ရင်လည်း တန်ဖိုးကျဆင်းမယ့် အရိပ် အယောင်တွေကိုတွေ့မြင်နေရပါတယ်။ ဒါပေမယ့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့်ဖြစ်ပေါ်တဲ့ စိုးရိမ်မှုတွေ လျော့ပါးစေမယ့်အကြောင်း တရားေ တွ လည်း ရှိနေတယ်လို့ ဆိုပါတယ်။ ၂၀၀၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုလအတွင်းမှာ  အတိုးနှုန်းတွေမြှင့် တင်ပေးမယ်ဆိုရင်အလုပ်အကိုင်ရရှိမှု အခြေအနေတွေ က  အတော်များများ  ပိုမိုတိုးတက်   ကောင်းမွန်ဖို့   လိုမှာဖြစ် ကြောင်း   အချို့စီးပွားရေးပညာရှင် တွေက ပြောပါတယ်။
    ပို့ကုန် သွင်းကုန်တွေဆက်လက်ကျဆင်းနေတဲ့အတွက်တရုတ် နိုင်ငံရဲ့ စီးပွားရေးကိန်းဂဏန်းတွေကလည်းဆက်လက်ပြီးနှေးကွေးကျဆင်း မယ့်လက္ခဏာတွေ   ပြသနေပါ တယ်။ တရုတ်နိုင်ငံကအာရှနိုင်ငံအများစုရဲ့ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံက အောက်တိုဘာလကစပြီး  ငွေကြေး ရောင်းဝယ်မှုစည်းမျဉ်းတွေကို တင်း ကျပ်တော့မှာဖြစ်ကြောင်း ဒီလုပ် ငန်းနဲ့ နီးစပ်သူတွေက ရိုက်တာသတင်း ဌာနကို  ပြောပါတယ်။   ယွမ်ငွေကြေး တန်ဖိုးကျဆင်းနေတာကို    ထိန်းချုပ်ဖို့ တရုတ်အာဏာပိုင်တွေ   ဝင်ရောက် စွက်ဖက်လိမ့်မယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တရုတ်ယွမ်
    စီးပွားရေးလှုံ့ဆော်တွန်းအားပေး အစီအစဉ်ကို  ဆောင်ရွက်ခြင်းသို့မဟုတ် ငွေကြေးတန်ဖိုးထပ်မံလျှော့ ချခြင်းဖြင့်  တရုတ်အာဏာပိုင်တွေက စီးပွားရေးနှေးကွေးကျ ဆင်းမှုကို တွန်း တင်ဖို့ကြိုးပမ်းကြလိမ့်မယ်လို့ ယူဆကြ တဲ့အတွက် တရုတ်ယွမ်ငွေကြေးတန်ဖိုး က ၁၂ လအတွင်းထပ်မံကျဆင်းမယ် လို့ ခန့်မှန်းကြပါတယ်။ယွမ်ငွေကြေးတန်ဖိုးက စက်တင် ဘာ ၄ ရက်နေ့မှာ အမေရိကန်တစ်ဒေါ် လာကို ၆ ဒသမ ၃၅ ယွမ်ဝန်းကျင်ရှိနေ ရာမှ ၁၂ လအတွင်းမှာ တစ်ဒေါ်လာကို ၆ ဒသမ ၈၀ ယွမ်နှုန်းထိကျဆင်းမယ်လို့ စစ်တမ်းကောက်ယူချက်အရ သိရပါ တယ်။

အိန္ဒိယရူပီး
    အိန္ဒိယ  ပို့ကုန်လုပ်ငန်းတွေနဲ့ ဘဏ်တွေက အမေရိကန်ဒေါ်လာကို ပြန်လည်  ရောင်းချလာတဲ့အတွက် စက်တင်ဘာ ၄ ရက်နေ့   နံနက်ပိုင်း ဈေးကွက်မှာ   ရူပီး တန်ဖိုးက  သုည ဒသမ ၄ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ် လာကို ၆၆ ဒသမ ၁၀ ရူပီးနှုန်း ရှိခဲ့ပါ တယ်။ ဒါပေမယ့်    ဘဏ်အချင်းချင်း ဖလှယ်တဲ့ဈေးကွက်မှာ စက်တင်ဘာ ၃ ရက်နေ့က သုည ဒသမ ၀၅ ရူပီးနှုန်းကျ ဆင်းပြီး တစ်ဒေါ်လာကို ၆၆ ဒသမ ၂၄ ရူပီးနှုန်းရှိခဲ့ပါတယ်။ ပြည်ပဈေးကွက် မှာ အဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုး  ကျဆင်းပြီး  ရူပီးငွေ ကြေး အပေါ် ယုံကြည်မှုကို   မြင့်တက် စေတယ်လို့   ဝယ်ရောင်းသမားတွေက ပြောပါတယ်။ ဒါပေမယ့်  ပြည်တွင်းရှယ် ယာတွေဈေးကျတာက ရူပီးတန်ဖိုးမြင့် တက်မှုကို အထိန်းချုပ်ဖြစ်စေခဲ့ပါတယ်။

ဂျပန်ယန်း
    တရုတ်နိုင်ငံ  စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးမှုကို  ဆက်လက်စိုးရိမ်နေရတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေက ပိုမို လုံခြုံစိတ်ချရတဲ့ ဗျျနအ တွေဘက်ကို ဦးလှည့်လာတဲ့အတွက် စက်တင် ဘာ ၄ ရက်နေ့မှာ ယန်းငွေတန်ဖိုးခိုင်မာလာ တာကိုတွေ့ရပါတယ် ငွေကြေးဖလှယ်နှုန်းတွေကိုကြည့် ရင် ဒေါ်လာနဲ့ ယန်းဖလှယ်နှုန်းက စက်တင်ဘာ  ၃ ရက်နေ့က   နယူး ယောက်ဈေးကွက် မှာ အမေရိကန်တစ် ဒေါ်လာကို ၁၂၀ ဒသမ ၀၁ ယန်းနှုန်း ရှိရာမှ နောက်တစ်နေ့တိုကျိုဈေးကွက် မှာ တစ်ဒေါ်လာကို ၁၁၉ ဒသမ ၃၄ ယန်းနှုန်းဖြင့်  ယန်းတန်ဖိုးမြင့်တက်ခဲ့ ပါတယ်။ အလားတူယူရိုနဲ့ ဖလှယ်ရာမှာ လည်း တစ်ယူရိုကို ၁၃၃ ဒသမ ၅၃ ယန်းမှ ၁၃၂ ဒသမ ၉၁ ယန်းဖြင့် ယန်းငွေ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။

မလေးရှားရင်းဂစ်
    ရင်းဂစ်ငွေကြေးကို ဝယ်ယူမှုကျဆင်းတဲ့အတွက်အမေရိကန်ဒေါ် လာနဲ့  ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးကျ ဆင်းခဲ့တယ်လို့ ဝယ်ရောင်းသမားတွေ က ပြောပါတယ် ။ ငွေကြေးဖလှယ်နှုန်း က စက်တင်ဘာ ၃ ရက်နေ့က အမေရိ ကန်တစ်ဒေါ်လာကို    ၄ ဒသမ ၂၄၃၀ ရင်းဂစ်နှုန်းရှိခဲ့ရာမှ  နောက်တစ်နေ့ နံနက် ၉ နာရီမှာ တစ်ဒေါ်လာကို ၄ ဒသမ ၂၅၇၀ ရင်းဂစ်နှုန်းရှိ ခဲ့ ပါတယ်။

တောင်ကိုရီးယားဝမ်
    အမေရိကန်   ပြည်ထောင်စုက အလုပ်အကိုင် ကိန်းဂဏန်းတွေထုတ် ပြန်ရင်ယခုနှစ်အတွင်း ဗဟိုဘဏ်အတိုးနှုန်းမြှင့်တင်ဖို့ ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်ကိုအဟန့် အတားဖြစ်စေ မယ့် အလားအလာတွေကို တွေ့မြင် နေရပြီး  ပြည်တွင်းငွေကြေးအဖွဲ့ အစည်းတွေကရှယ်ယာတွေကို ပြန်ထုတ်လာတဲ့အတွက်   တောင်ကိုရီး ယားရှယ်ယာတန်ဖိုးတွေ   ကျဆင်းခဲ့ပါ တယ်။
    ငွေကြေးဈေးကွက်မှာ   ဝမ်ငွေ ကြေးရဲ့ဖလှယ်နှုန်းက စက်တင်ဘာ ၃ ရက်နေ့ ဈေးပိတ်ချိန်ကထက်  ၃ ဒသမ ၁ ဝမ်နှုန်း  ပိုမိုမြင့်တက်ပြီး   တစ်ဒေါ် လာကို ၁၁၉၃ ဒသမ ၄၀ ဝမ်နှုန်းရှိခဲ့ပါ တယ်။

ထိုင်းဘတ်
    ထိုင်း ဘတ်ငွေကြေးအပေါ် စားသုံးသူတွေရဲ့ ယုံကြည်မှုက သြဂုတ်လအတွင်း  ရှစ်လမြောက်အဖြစ်ဆက်တိုက်ကျဆင်းခဲ့တဲ့အတွက်  ဘတ်ငွေ တန်ဖိုးကစက်တင်ဘာ ၄ ရက်နေ့ မှာ ခြောက်နှစ်အတွင်း  အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။
    အမေရိကန်ဒေါ်လာနဲ့ ဘတ်ငွေ ကြေးတို့ရဲ့ ဖလှယ်နှုန်းက စက်တင်ဘာ ၄ ရက်နေ့မှာတစ်ဒေါ်လာကို ၃၅ ဒသမ ၈၄ ဘတ်နှုန်း ရှိခဲ့တဲ့အတွက် နေ့အလိုက် နှိုင်းယှဉ်ရင် သုည ဒသမ ၀၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပေမယ့် ယခုနှစ်အတွင်းမှာ ၈ ဒသမ ၁၉ ရာခိုင် နှုန်း ကျဆင်းပါတယ်။