တရုတ်အဝယ်လိုက်နေတဲ့ သကြားဈေးကွက်

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ မေလ ၁ ရက် မှ ၁၅ ရက် တာကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆၉၉ သန်းတန်ဖိုးရှိ သကြားဖြူ  ၆၁၆၄တန်ခွဲ ကန်ဒေါ်လာ သုည ဒသမ ၆၆၄ သန်းတန်ဖိုးရှိ သကြားညို ၁၁၄၄ တန် ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလအတွင်းမှာတော့ သကြားဖြူ ၁၆၁၈၀ တန်ခွဲနဲ့ သကြား ညို ၃၂၂ တန် တင်ပို့ ခဲ့တာတွေ့ရပါတယ်။ တရုတ်ဝယ်လက်ရှိချိန်ဆိုလျှင် မန္တလေးဈေးကွက်မှာ တစ်ရက်လျှင် သကြားပိဿာဝင်အိတ်ရေ ၃၀၀၀ ကျော်ခန့်တင်ပို့နိုင်ပြီး ပြည်တွင်းအတွက် စားသုံးရန် လုံလောက်တာကြောင့် ယခုလိုပြည်ပသို့တင်ပို့နိုင်ကြောင်း၊ တရုတ်နိုင်ငံသို့ သကြားကို အကြမ်းရော အနုပါပို့ရတော့အဆင်ပြေတယ်လို့  မြန်မာနိုင်ငံသကြားဒိုင်မှသိရပါတယ်။

မော်မော်အောင်