မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက ရေထွက်ကုန်ပိုမိုတင်ပို့

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများက မေလ ၂ ရက်မှ ၈ ရက်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄၁၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၆၁၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တန် ၁၅၀၀ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။

  စခန်းအလိုက်တင်ပို့မှုတွေကတော့ မြဝတီကုန်သွယ်ရေးဇုန်က ကန်ဒေါ်လာ ၀ ဒသမ ၁၄၀ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၆၇ တန်ကျော်၊ ကဏန်း ၂၂ တန်ကျော်နဲ့ ပုစွန် ၂ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ၂၁ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။

   ကော့သောင်းကုန်သွယ်ရေးစခန်းက ကန်ဒေါ်လာ သုည ဒသမ ၅၈၄ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၆၅၃ တန်ကျော်၊ ကင်းမွန် ၃၃ တန်ကျော်၊ ပုစွန် ၁ တန်ကျော်နဲ့ ရေဘဝဲ တန် ဝက်ခန့်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ၁၅၉ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။

   မြိတ်ကုန်သွယ်ရေးစခန်းက ကန်ဒေါ်လာ ၃ ဒသမ ၆၉၁ သန်း တန်ဖိုးရှိ ငါးမျိုး စုံ ၁၈၈၅ တန်နီးပါး  အေးခဲကဏန်းပျော့ ၈၂ တန်ကျော်၊ ငါးမှုန့် တန် ၇၄၀၊ ပုစွန် ၆၅ တန်ကျော်၊ ကင်းမွန် ၅၁ တန်ကျော်၊ အေးခဲခရု ၅ တန်ကျော်၊ ငါးခြောက်၊ ကဏန်းနီနဲ့ သဲကဏန်း ၁ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့ အတွက် ၁၆၈ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် (MIRT)