တမူးနယ်စပ်မှ အိန္ဒိယနိုင်ငံ ကျားစီး မော်တော်ဆိုင်ကယ်များပိုမိုတင်သွင်း

   အိန္ဒိယနိုင်ငံမှထုတ်လုပ်သည့် အမျိုးသားစီးဆိုင်ကယ်များတင်သွင်းမှု ပိုမိုလျက်ရှိနေပါတယ်။ ယခင်ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့သာ ဝယ်ယူကြရာမှာ အရည်အသွေး ကိုကြိုက်နှစ်သက်၍ မန္တလေး၊ မုံရွာဈေးကွက်များမှတစ်ဆင့် တစ်နိုင်ငံလုံးကို ဖြန့်ဖြူးလာနိုင်ကြောင်းသိရှိရပါတယ်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် မော်တော်ဆိုင်ကယ် (၇၂၃၉)စီး၊ တန်ဖိုး ၇ဒသမ ၃၄၆  ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါတယ်။

ကသရ (တမူး)