ကြယ်တံခွန်ယာဉ်ပေါ်မှ သုံးဘီးဆိုင်ကယ်အသစ်တစ်စီး သိမ်းဆည်းရမိ

  ကုန်သွယ်ရေးဦးစီးဌာန မူဆယ်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဦးစီးအရာရှိ ဦးစီးတဲ့အဖွဲ့သည် ဧပြီလ ၂၆ ရက်နေ့ တွင် အေးရှားဝေါလ်တိုးဂိတ် အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကြယ်တံခွန်ယာဉ်အမှတ် ၅ဂ/xxxx ပေါ်မှ တရားမဝင်အကောက်ခွန်မဲ့တင်ဆောင်လာတဲ့ သုံးဘီးဆိုင်ကယ် အသစ်တစ်စီး ကိုသိမ်းဆည်းရ မိခဲ့ပါတယ်။ သိမ်းဆည်းရမိ အကောက်ခွန်မဲ့ သုံးဘီးဆိုင်ကယ်၏ ခန့်မှန်းတန်ဖိုးမှာ ကျပ်လေးသိန်းငါးသောင်းကျော်ခန့်ဖြစ်ပြီး မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့အဖွဲ့စုံဖြင့်အပ်နှံကာ အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်ပါတယ်။

MIRT