မြဝတီကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် သိမ်းဆည်းရမိသည့် ဘီယာချမ်းများအားဖျက်ဆီး

   မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ  Mobile Team ညောင်ခါးရှည်မှ အမှုတွဲ လေးတွဲဖွင့်သိမ်းဆည်းထားတဲ့ မတ်လ ၃ ရက်နဲ့ ၈ ရက်နေ့များမှာ မှန်လုံယာဉ်များပေါ် တွင် အကောက်ခွန်မဲ့တင်ဆောင်လာသော ဘီယာချမ်းများနဲ့ မတ်လ  ၅ ရက်နေ့က  ရထားသံလမ်းအကျော် ညောင်ခါးရှည်ရွာမရောက်မီ လယ်ယာကုန်ထုတ်လမ်းထိပ် ရှောင် ကွင်းလမ်းမှာ ပိုင်ရှင်မဲ့စုပုံထားတဲ့ ဘီယာချမ်းစုစုပေါင်း ၁၉၆ ဖာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း  ၂၇ ဒသမ ၁၅၀ တန်ဖိုးအား မတ်လ ၁၄ ရက် ၁၆ း ၃၀  ချိန်က ညောင်ခါးရှည်မှာ ဘီယာဘူးများအား ခါးလည်မှ ပိုင်းဖြတ်၊ အရည်များသွန်ချပြီး ဘီယာဘူးများကို ထုပ်ပိုးထားတဲ့ စက္ကူဘူးခွံများအုပ်၍ မီးရှို့မြေမြှုပ်ဖျက်ဆီးမှုကို ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

DCCA