မြန်မာ-တရုတ် နယ်စပ်မှ ဆန်တန်ချိန်နှစ်သောင်းကျော်တင်ပို့

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လ ၇ ရက်မှ ၁၃ ရက်အထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၈ ဒသမ ၂၉၅ သန်းတန်ဖိုးရှိ ဆန်  ၂၂၆၀၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၁၃၇၀၂ တန်နဲ့ ဧည့်မထ ၅၈၉၉ တန်တင်ပို့ပြီး လွယ်ဂျယ် စခန်းမှ တန် ၃၀၀၀ တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်ကထက် ၇၇၅၉ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   တရုတ်နိုင်ငံဘက်မှ အဝယ်လိုက်လာသဖြင့် မူဆယ်မှ ပို့အားကောင်းလာတာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှလည်း မတ်လ ဒုတိယပတ်အထိ ဆန်ဖြူ ၁၁၅၅၉ တန်နဲ့ ပေါင်းဆန် ၁၆၇၅ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။

   မြန်မာ-တရုတ်နယ်စပ်မှ ဆန်သာမကဆန်ကွဲကိုလည်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၈၄ သန်းဖိုးရှိ ဆန်ကွဲ ၅၇၉၈ တန်တင်ပို့ပြီး လွယ်ဂျယ် မှ ကန်ဒေါ်လာ သုည ဒသမ ၆၄၀သန်းဖိုးရှိ ဆန်ကွဲ တန် ၂၀၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ယခုရက်သတ္တပတ်မှာ စခန်းနှစ်ခုစလုံးမှ ၁၉၄၈ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။

ယဉ်ယဉ်အေး MIRT(DCCA)