ပညာပေးကာလစတင်သည်မှ ယခုနှစ်မတ်လအထိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှစစ်ဆေးတွေ့ရှိချက်များ

   တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီရဲ့ တိုက်ရိုက်ကြီးကြပ်မှုဖြင့် စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရန် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုပြုလုပ်တဲ့ ဆိပ်ကမ်းခြောက်ခု၊ အေးရှားဝေါလ်၊ ထီးတန်း၊ မြန်မာ့စက်မှု၊ ဗိုလ်အောင်ကျော်၊ ဆူးလေ၊ အလုံနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်း) တို့မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂ ရက်မှ သြဂုတ် လ ၁၅ ရက်ထိ ပညာပေးကာလအဖြစ်လည်းကောင်း၊ သြဂုတ်လ ၁၆ ရက်နေ့မှစတင်၍ အရေးယူကာလအဖြစ်လည်းကောင်း၊ ပို့ကုန် သွင်းကုန် ကုန်သေတ္တာများအား ဖွင့်ဖောက်စစ်ဆေးခြင်း၊ စစ်ဆေးပြီး ကုန်သေတ္တာများအား ဆိပ်ကမ်းအတွင်း မှ ချောမွေ့စွာသယ်ယူပို့ဆောင်နိုင်ရေး၊ စနစ်တကျ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင်လမှ ၂၀၁၅ ခုနှစ် မတ်လ၄ ရက်ထိ ကာလအတွင်း ကုန်သေတ္တာအလုံး  ၂၀၈၃၉၉  ထုတ်ယူမှုရှိပြီး ၂၃၃၅ လုံးကို စစ်ဆေးခဲ့ရာ မှာ အလွဲ၊ အမှား၊ အပိုစစ်ဆေးတွေ့ရှိတဲ့ ကုန်သေတ္တာ ၃၄၉ လုံးရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ  ၂၀၁၅ ခုနှစ် မတ်လ ၄ ရက်ထိ အထုပ် ၄၇၄၄၃ မှ ၁၉၈၀၀ ထုပ်ကို စစ်ဆေးမှုပြုခဲ့ပြီး အထုပ် ၅၇၀ ကို အလွဲ၊ အမှား၊ အပိုအဖြစ်စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့သတင်းရရှိပါတယ်။

DCCA