ဇန်နဝါရီလ၂၆ ရက်နေ့က ယာဉ်သုံးစီးအပါအဝင် တန်ဖိုး ကျပ်သိန်းလေးထောင်နီးပါးဖမ်းဆီးရမိ

   မြဝတီ-ရန်ကုန်ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးနဲ့ စားသုံးသူအကာအကွယ်ပေးရေးတာဝန်ထမ်းဆောင်နေသော Mobile Team အဖွဲ့ဟာ ဇန်န ဝါရီလ၂၆ ရက်နေ့က ကုန်တင်ယာဉ်သုံးစီးပေါ်မှ Back Hole ယာဉ် ၅ စီးနဲ့ အခြားပစ္စည်းများကို စစ်ဆေးတွေ့ရှိရကြောင်း Commerce Journal အတွဲ ၁၅ အမှတ် ၅ စာမျက်နှာ ၁၉ မှာ သတင်းဖော်ပြထားပြီးဖြစ်ပါတယ်။

   ဖြစ်စဉ်မှာ သတင်းပေးတိုင်ကြားချက်အရ သွင်းကုန် Duty ယာဉ် ၃ စီးဖြစ်တဲ့ Isuzu ၆ ဘီး၊ ဟီးနိုး ၁၂ ဘီးနဲ့ Nissan  Diesel  ၁၂ ဘီးယာဉ် များပေါ်မှ မြေတူးစက်တစ်ပတ်ရစ် ၅ စီး၊ ကားတာယာအဟောင်းများ၊ အလွိုင်းပါတာယာ၊ သံဂွေပါတာယာ၊ တာယာအဟောင်းအရွယ်စုံ၊ ဂုန်နီ အိတ်၊ ပီနန်အိတ်၊ ဘက်ထရီ၊  အင်ဂျင်၊  ဂီယာဘောက်စ် (အဟောင်း)၊ ကားရှော့ဘား (အဟောင်း)၊ ကားနောက်ကြည့်မှန်၊ ကားဟွန်း၊ ကားအပို ပစ္စည်းများ၊ မီးခွက်၊  ရှေ့မီးခွက်၊ နောက်ရောင်ပြန်မီးခွက်၊ ကားရောင် ပြန်မီးခြောက်၊ ကား Fuse အရွယ် စုံ (အဟောင်း)၊ ဆလိုက်မီး (အဟောင်း ပါ) မီးစက်တို့ဖြစ်ကြပြီး ယာဉ်သုံးစီးအပါအဝင်ပစ္စည်းရဲ့ ခန့်မှန်းတန်ဖိုးကျပ် ၃၉၈၆ ဒသမ ၆၅၅ သိန်းဖိုးရှိတယ်လို့သိရပါတယ်။

DCCA