တမလန်းအရွယ်စုံ သစ်တုံးများနဲ့ သစ်တင် ၁၂ ဘီးယာဉ်အားသိမ်းဆည်း

 

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အား  Mobile Team  အဖွဲ့ဟာ ဇန်နဝါရီလ ၂၁ရက် ၁၄ း ဝ၀ ချိန်မှာ နမ့်အွမ်ကျေးရွာအတွင်းလမ်း၌ သတင်းအရ စောင့်ဆိုင်းစဉ်  ၁၂ ဘီးယာဉ် 9u^ xxxx နဲ့ တရားမဝင်တင်ဆောင်လာတဲ့ တမလန်းလို့ ယူဆရတဲ့ သစ်တုံးအရွယ်စုံ ၁၆ ဒသမ ၇၃၃၄ တန်၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၀၂ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။အဆိုပါတမလန်းလို့ ယူဆရတဲ့ သစ်တုံးအရွယ်စုံတင်ဆောင်လာသော  ၂၂ ဘီးယာဉ်နောက်တွဲအား စစ်ဆေးရာမှာ နောက်တွဲယာဉ်ကိုလည်း တရားမဝင်တင်သွင်းလာကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သိမ်းဆည်း ထားပြီးဖြစ်ပါတယ်။ ယခုအခါ နောက်တွဲယာဉ်တန်ဖိုးအားကျပ်သိန်း  ၂၀ဝ ဟုခန့်မှန်းတွက်ချက်ပြီးဖြစ်ရာ မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ အပ်နှံထားပြီး တမလန်းလို့ယူဆရတဲ့ သစ်တုံးအရွယ်စုံကိုလည်း မူဆယ်မြို့နယ်သစ်တောဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲများဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 

                                                                                                                                                 DCCA DCCA