ကော့သောင်းနယ်စပ်မှ ခရုကမာခွံ ၁၉ တန်ကျော် တင်ပို့

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၁၇ ရက်မှ  ၂၃ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်းတန်ဖိုးရှိ ခရုကမာခွံ ၁၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ခရုကမာခွံအပြင် ငါးမျိုးစုံ ၉၂၂ တန်ကျော်၊  ကင်းမွန် ၄၈ တန်ကျော်၊ ပုစွန် ၄ တန်ကျော်၊ ပင်လယ်ငါးရှဉ့် ၃ တန်ကျော်၊ ရေဘဝဲ ၁ တန်နီးပါးနဲ့ သီဟိုစေ့ ၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)