မလေးရှားနိုင်ငံတွင် ASEAN SME Showcase and Conference 2015 ပြပွဲ

   မလေးရှားနိုင်ငံတွင် မေ ၂၆ ရက်မှ ၂၈ ရက်အထိ ASEAN SME Showcase and Conference  2015 ပြပွဲအားကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ မလေးရှားနိုင်ငံ ၌ ပြုလုပ်မည့်် အာဆီယံစီးပွားရေးဆိုင်ရာ အစည်း အဝေးများကို Kelantan မြို့၊  Hotel Perdana/Renaissance တွင် ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ် ၁ ရက်အထိ 21st AEM Retreat နှင့် ဆက်စပ်အစည်းအဝေးကိုလည်းကောင်း၊ ကွာလာလမ်ပူမြို့၊  KLLC Convention Centre တွင် ဧပြီလ ၂၄ ရက်မှ ၂၇ ရက်အထိ 26th ASEAN Summit ကို လည်းကောင်း၊ သြဂုတ် ၂၂ ရက်မှ ၂၅ ရက်အထိ 47th AEM, RCEP Ministerial Meeting ကိုလည်းကောင်း၊ ကွာလာလမ်ပူမြို့၌ နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ 27th ASEAN Summit & Related Summits ကိုလည်း ကျင်းပပြုလုပ်မည်ဖြစ်သည်။

   ASEAN SME Showcase and Conference  2015  ပြပွဲသို့ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံတိုင်းမှ မိမိတို့၏ရိုးရာ၊ ယဉ်ကျေးမှု၊ ထုတ်ကုန်နှင့်စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိုယ်ပိုင်ပြခန်းများ ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

ဥမ္မာကြူ  (IT)