တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပမည့် The 9th China (Guangzhou) International High Quality Rice and Brand Grains Exhibition၂၀၁၅ ပြပွဲ

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ကွမ်ကျိုး မြို့တွင် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ The 9th China (Guangzhou) International High Quality Rice and Brand Grains Exhibition 2015 ပြပွဲအားကျင်းပမည်ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စ တန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျပန်၊ မြန်မာ၊ မြောက်ကိုရီးယား စသည့် ကုမ္ပဏီပေါင်း ၅၀၀ ကျော်ခန့်မှ ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ ခေတ်မီဆန်စပါးကြိတ်ခွဲမှုနည်းပညာများ၊ ထုတ်ပိုးမှုဆိုင်ရာကိရိယာများ၊ စားသောက် ကုန်များအားသွားရောက် ပြသရောင်းချမည်ဖြစ်ပါသည်။ အဆိုပါပြပွဲသည် ကမ္ဘာတစ်လွှားရှိ ဆန်စပါးကဏ္ဍမှ ရောင်းသူဝယ်သူချိတ်ဆက်သည့် အဓိက ပြပွဲကြီးဖြစ်ပါ သည်။ ပြခန်းခမှာ တရုတ်ကုမ္ပဏီ  (36m2) ) ၉၀၀ ယွမ်/ m2 နှင့် နိုင်ငံခြားကုမ္ပဏီ ၃၀၀ USD/m2 ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးအမည်စာရင်းပေး သွင်းရမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်သိရှိလိုပါက Mr. Chaung၊ဖုန်း-၀၀၈၆-၁၅၉၁၄၃၆၉၆၈၇၊ Email: [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းသတင်းရရှိပါသည်။

ဥမ္မာကြူ  (IT)