Super Custom နဲ့ Canter ယာဉ်ပေါ်မှ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ တမလန်းသစ်များ မူဆယ် Mobile Team မှ သိမ်းဆည်းရမိ

 

ရှောင်ကွင်းလမ်းများတွင် တရားမဝင် ကုန်ပစ္စည်းများ သယ်ယူနေမှုနဲ့ ပတ်သက်ပြီး မြေပြင်သတင်းများအရ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန် Mobile Team ထုတ်နုတ်အင်အားအဖွဲ့သည် ဒီဇင်ဘာလ ၁ ရက်နေ့ ၁၃း၀၀ ချိန်တွင် ပွိုင့် (၄၅၆၁) တောင်ကြောဘက်မှ မူဆယ်စက်မှုဇုန် သို့ဝင်ရောက်သည့် လမ်းကြောင်းအတိုင်း မောင်းနှင် လာသည့် 8C/xxxx Super Custom ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုး ကျပ်သိန်း (၁၂၀) ဖိုးခန့်ရှိ တမလန်းသစ်ဟုယူဆရတဲ့ သစ်တုံး(၂၃) တုံးကို သိမ်းဆည်း ရမိခဲ့တယ်လို့သ တင်းရရှိပါတယ်။ အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့ ၁၅း၀၀ ချိန်တွင် မန္တလေး-မူဆယ် ပြည်ထောင် စုလမ်းမကြီးပေါ်ရှိ နမ့်ပေါ်တံတားအနီးတွင် 8D/xxxx Canter (၆) ဘီးယာဉ်ပေါ်မှ တမလန်းသစ်ဟု ယူဆရတဲ့ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၈၀ ခန့်ရှိ သစ်တုံးအကြီး (၂၃) တုံးကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တမလန်းသစ်များ တင်ဆောင်လာတဲ့ ယာဉ်(၂) စီးနဲ့ သစ်များအား လုပ်ထုံးလုပ်နည်း နဲ့အညီ အကောက်ခွန် အမှုတွဲဖွင့်လှစ် ကာ ဆက်လက်ဆောင် ရွက်သွား မယ်လို့သိရပါတယ်။

                                                                                DCCA  DCCA