ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ကုန်သွယ်မှုနှင့် သက်ဆိုင်သော မူပိုင်ခွင့်ဆိုင်ရာ သဘောတူညီချက်ပါ အပိုဒ် ၆၆.၂ အကောင် အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ကုန်သွယ်မှုနှင့်သက်ဆိုင်သော မူပိုင်ခွင့်ဆိုင်ရာ သဘောတူညီချက်ပါအပိုဒ် ၆၆.၂ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်း တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသည် ကုန်သွယ်မှုနှင့် သက်ဆိုင်သော မူပိုင်ခွင့်ဆိုင်ရာ သဘောတူညီချက်ပါအပိုဒ် ၆၆.၂ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ နည်းပညာလွဲပြောင်းမှုဆိုင်ရာ ဆောင်ရွက်ပြီးစီးခဲ့သည့် အခြေအနေများ၊ နည်းပညာလွှဲပြောင်းရေးလုပ်ငန်းတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ နည်းပညာလွှဲပြောင်း လက်ခံရယူသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ လိုအပ်လျက်ရှိသည့်ကိစ္စရပ်များနှင့် အတွေ့အကြုံများအား မျှဝေဆွေးနွေးရန်အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။
အဆိုပါအစည်းအဝေးတွင် နည်းပညာလွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန်နှင့် အဆိုပါနည်းပညာ လွှဲပြောင်းမှုများမှတစ်ဆင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး နည်းပညာ လွှဲပြောင်းမှုများအတွက် ခိုင်မာသော ဥပဒေမူဘောင်များ၊ ငွေကြေးထောက်ပံ့မှုများရရှိနိုင်စေရန်၊ နည်းပညာကို လက်ခံအသုံးချနိုင်သောစွမ်းရည် ရရှိစေရန်(absorptive capacity)၊ ဝန်ကြီးဌာနများအကြား ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုနှင့် ပုဂ္ဂလိကကဏ္ဍနှင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍအား ပိုမိုတိုးမြှင့်နိုင်ရန်လိုအပ်သည့် နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
