လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

အအမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Premier Atomotive Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Zeekr 7X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Earth Renewable Energy Co., Ltd. မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD E2 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Shwe Thway Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ3X ၊ BYD Sealion 07 နှင့် BYD Song L အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Star Capital Co., Ltd. မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၇-၈-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။