စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးမည့် ပြခန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၁၁          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်နေ့ ညနေပိုင်းတွင် မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ် သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေး ရည်ရွယ်၍ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်၊ တပေါင်းကွင်း၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၈ ရက်‌နေ့အထိ ကျင်းပပြုလုပ်မည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးမည့် ပြခန်းများအား ကြည့်ရှုစစ် ဆေးခဲ့သည်။

ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့်အဖွဲ့သည် ခင်းကျင်းပြသရောင်းချမည့် သံ၊ သံမဏိ၊ ဘိလပ်မြေ နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအားအတွက်  ပြခန်းဆောင်တည်ဆောက်ပြီးစီးမှု အခြေ အနေများ၊ ပြသရောင်းချမည့်ပစ္စည်းများ အရည်အသွေးပြည့်မီစေရေး၊ စတင်ဖွင့်လှစ်ရောင်းချမည့် နေ့တွင် အဆင်သင့်ဖြစ်စေရေးတို့အား တာဝန်ရှိသူများအား လိုအပ်သည်များကြားခဲ့ပြီး ပြခန်းဆောင် များအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများရောင်းချပွဲတွင် ကုမ္ပဏီ ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခု ဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက် လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၈ ရက်‌နေ့အထိ ပြသရောင်းချပေးမည် ဖြစ် ကြောင်းနှင့် ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။