မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Fri, 07/12/2024 - 08:20 -- bordertrade

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့်၂၀၂၄ခုနှစ်၊ဇူလိုင်လ(၇)ရက်နေ့မှ (၉) ရက်နေ့ အထိ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၁၉၃၆) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၂၉၉) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၂၃၅) သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ(၇) ရက်နေ့မှ (၉) ရက်နေ့အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ငရုတ်သီး(၃၆.၉၂၂)တန်၊တန်ဖိုး (၀.၀၂၁၉) ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၀၃.၈၀) တန်၊ တန်ဖိုး (၀.၀၈၁၃) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၆၈.၉၅၀) တန်၊ တန်ဖိုး (၀.၀၉၀၄) ဒေါ်လာ သန်းတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် ကျောက်မှုန့် (၂၆.၅) တန်၊ တန်ဖိုး (၀.၀၀၂၁) ဒေါ်လာသန်း၊ ဖိနပ်(၄၀၄၀၀) ရံ၊ တန်ဖိုး (၀.၀၀၄၆) ဒေါ်လာသန်း၊ ကာဗွန်မှုန့် (၉) တန်၊ တန်ဖိုး (၀.၀၂၁၂)ဒေါ်လာသန်း၊ ကော်ဇော (၃.၅) တန်၊ တန်ဖိုး (၀.၀၀၂၀) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

        မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ (၈၆၄.၀၁၀) ဒေါ်လာနှုန်း၊ ပုစွန် (၁၃၀၆.၀၆၅) ဒေါ်လာနှုန်း၊ ကဏန်း (၂၂၅၄.၀၉၅) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၅၉၂.၁၄၇) ဒေါ်လာနှုန်း၊  ငရုတ်သီး (၅၉၃.၁၄) ဒေါ်လာ နှုန်း၊ ကြက်သွန်နီ (၃၉၉) ဒေါ်လာနှုန်း  ဖြစ်ပါသည်။

        မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ- ကျောက်မှုန့်(၇၉) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၁) ဒေါ်လာနှုန်း၊ ကာဗွန်မှုန့် (၂၃၅၅) ဒေါ်လာနှုန်း၊ ကော်ဇော (၅၇၁) ဒေါ်လာနှုန်းဖြစ်ပါသည်။

        မြိတ်မှမောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင်မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

        မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၉-၇-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ်(၁)သိန်းလျှင်ဘတ် (၈၂၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၂၁.၉၅) ကျပ်ခန့်ရှိပါ ကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင် ပြအပ်ပါ သည်။

Border Trade News

Pages