မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၀၂၃၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၄၂.၆၂၈)သန်း၊ နယ်စပ်မှ (၁၅၇၄၁၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၁.၃၈၀)သန်း၊ စုစုပေါင်း (၁၇၅၉၇၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၄.၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၂၈-၆-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၃၇၉၉၈.၈၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၅၀.၅၂၃)သန်း၊ နယ်စပ်မှ (၂၃၇၃၀.၃၁၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၉.၉၇၄)သန်း၊ စုစုပေါင်း (၆၆၁၇၂၉.၁၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၇၀.၄၉၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၂၈-၆-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
တန်ဖိုး- အမေရိကန်ဒေါ်လာသန်း | |||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၂၈-၆-၂၀၂၄) ထိ |
||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | |||
၁ | မတ်ပဲ | US$ | ၂၄၂.၆၆၉ | ၀.၀၆၂ | ၂၄၂.၇၃၁ |
တန် | ၂၄၇၂၂၅.၃၈၆ | ၆၆.၀၀၀ | ၂၄၇၂၉၁.၃၈၆ | ||
၂ | ပဲတီစိမ်း | US$ | ၁၃၅.၁၂၁ | ၁.၅၈၂ | ၁၃၆.၇၀၃ |
တန် | ၂၀၆၇၃၅.၀၃၇ | ၂၅၁၀.၅၁၆ | ၂၀၉၂၄၅.၅၅၃ | ||
၃ | ပဲစဉ်းငုံ | US$ | ၁၀၅.၂၁၁ | ၁၀၅.၂၁၁ | |
တန် | ၉၁၄၆၇.၀၀၀ | ၉၁၄၆၇.၀၀၀ | |||
၄ | ကုလားပဲ | US$ | ၂.၃၃၁ | ၂.၃၃၁ | |
တန် | ၂၅၈၉.၈၁၆ | ၂၅၈၉.၈၁၆ | |||
၅ | ပဲလွန်းဖြူ | US$ | ၁၃.၅၀၃ | ၁၃.၅၀၃ | |
တန် | ၂၀၂၂၁.၂၂၇ | ၂၀၂၂၁.၂၂၇ | |||
၆ | မြေထောက်ပဲ | US$ | ၈.၂၉၃ | ၁.၆၆၉ | ၉.၉၆၂ |
တန် | ၈၀၇၀.၁၇၅ | ၁၄၆၁.၀၀၀ | ၉၅၃၁.၁၇၅ | ||
၇ | ထောပတ်ပဲ | US$ | ၁၃.၉၀၀ | ၈.၁၇၉ | ၂၂.၀၇၉ |
တန် | ၁၂၄၄၆.၀၇၀ | ၇၄၄၁.၅၀၀ | ၁၉၈၈၇.၅၇၀ | ||
၈ | ပဲယင်း | US$ | ၁၉.၅၀၇ | ၃.၃၂၈ | ၂၂.၈၃၅ |
တန် | ၃၅၄၀၆.၇၆၁ | ၅၈၁၂.၉၉၀ | ၄၁၂၁၉.၇၅၁ | ||
၉ | ပဲကြီး | US$ | ၂.၈၂၅ | ၂.၂၄၄ | ၅.၀၆၉ |
တန် | ၃၀၇၈.၁၁၁ | ၂၄၉၅.၀၀၀ | ၅၅၇၃.၁၁၁ | ||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၄၁၉ | ၁.၄၁၉ | |
တန် | ၂၄၁၀.၃၇၃ | ၂၄၁၀.၃၇၃ | |||
၁၁ | စွန်တာပြာ | US$ | ၀.၂၇၉ | ၀.၂၇၉ | |
တန် | ၄၄၇.၃၀၀ | ၄၄၇.၃၀၀ | |||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၅၉ | ၀.၀၅၉ | |
တန် | ၉၉.၀၀၀ | ၉၉.၀၀၀ | |||
၁၃ | ပဲဖြူလေး | US$ | ၀.၀၂၈ | ၀.၀၂၈ | |
တန် | ၂၄.၀၀၀ | ၂၄.၀၀၀ | |||
၁၄ | ဘိုကိတ်ပဲ | US$ | ၄.၈၀၅ | ၄.၈၀၅ | |
တန် | ၇၂၁၈.၈၇၅ | ၇၂၁၈.၈၇၅ | |||
၁၅ | ပဲပုတ်စေ့ | US$ | |||
တန် | |||||
၁၆ | ပဲနီကြား | US$ | ၁.၂၁၉ | ၁.၂၁၉ | |
တန် | ၂၀၂၉.၀၀၀ | ၂၀၂၉.၀၀၀ | |||
၁၇ | နိုင်လွန်ပဲ | US$ | ၀.၁၉၃ | ၀.၅၅၇ | ၀.၇၅၀ |
တန် | ၂၉၉.၉၉၃ | ၈၅၆.၀၀၀ | ၁၁၅၅.၉၉၃ | ||
၁၈ | မြေပဲဆံ | US$ | ၀.၃၈၈ | ၀.၈၉၃ | ၁.၂၈၁ |
တန် | ၂၉၀.၄၄၇ | ၆၉၀.၃၀၇ | ၉၈၀.၇၅၄ | ||
၁၉ | အခြားပဲ | US$ | ၀.၀၅၁ | ၀.၁၈၂ | ၀.၂၃၃ |
တန် | ၆၈.၃၁၄ | ၂၆၉.၀၀၀ | ၃၃၇.၃၁၄ | ||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၅၅၀.၅၂၃ | ၁၉.၉၇၄ | ၅၇၀.၄၉၇ | |
တန် | ၆၃၇၉၉၈.၈၈၅ | ၂၃၇၃၀.၃၁၃ | ၆၆၁၇၂၉.၁၉၈ |