ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Thu, 07/04/2024 - 04:55 -- bordertrade

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၁၈.၀၀၀) သန်းဖြစ်ပြီး (၂၉-၆-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ(၁၈.၆၄၂)သန်း ဆောင်ရွက်နိုင်ခဲ့ သဖြင့် လျာထားချက်အပေါ် (၁၀၃.၅၆၆%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ရက်နေ့မှ ၂၉ရက်နေ့အထိ ပို့ကုန်တန်ချိန် (၇၃၃.၄၅၄)တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁.၀၂၀)သန်းနှင့် သွင်းကုန် (၃၉၆၈.၂၈၁)တန်၊ (၁၁၈၂၀၀)2U၊ (၃၂၆၀၅)U၊ (၁၀၃၇၂၇.၅၀၀) M2၊ (၃၉၄.၈၃၈) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၆၂၉)သန်း ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ (၃.၆၄၉)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

            ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်းအုပ်စု တွင် (၄၅၆.၄၄၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၄၉၄)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၂၇၇.၀၁၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၅၂၆)သန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၁.၀၂၀)သန်း တင်ပို့နိုင် ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

            စဉ်        အမည်        အရေအတွက်  ဈေးနှုန်း

          (၁)     ပင်လယ်ငါးရံ့  ၁ ကီလိုဂရမ်   ၁.၆၀၀ ဒေါ်လာ

          (၂)      ကုလားငူ (200-400 gm)       ၁ ကီလိုဂရမ်   ၁.၀၀၀ ဒေါ်လာ

          (၃)     ကုလားကုတ် (120-150 gm) ၁ ကီလိုဂရမ်   ၁.၁၀၀ ဒေါ်လာ

          (၄)     ဇလုံး (300-500 gm)  ၁ ကီလိုဂရမ်   ၁.၀၀၀ ဒေါ်လာ

          (၅)     ကြိမ်မွေ့ဒေါင်း (800 gm)up   ၁ ကီလိုဂရမ်   ၁.၄၀၀ ဒေါ်လာ

          (၆)     ငါးပုလွေ        ၁ ကီလိုဂရမ်   ၁.၁၈၀ ဒေါ်လာ

          (၇)     ငါးနီငယ်        ၁ ကီလိုဂရမ်   ၁.၀၅၀ ဒေါ်လာ

          (၈)     စက်ကလပ်    ၁ ကီလိုဂရမ်   ၁.၂၄၀ ဒေါ်လာ

          (၉)     ငါးချဉ်ပေါင်(100-200 gm)     ၁ ကီလိုဂရမ်            ၀.၉၀၀ ဒေါ်လာ

          (၁၀) ကင်းမွန်လိပ်(70gmdown)      ၁ ကီလိုဂရမ်   ၂.၀၁၀ ဒေါ်လာ

                သွင်းကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ရက်နေ့မှ ၂၉ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှုပစ္စည်း အုပ်စုတွင် (၂၁၆၄.၉၈)တန်၊(၃၂၆၀၅) U၊ (၁၀၃၇၂၇.၅၀၀) M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၆၁၇) သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၉၃၇.၅၂၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၅၄၂)သန်းနှင့် လူသုံးကုန်ပစ္စည်း အုပ်စုတွင် (၈၆၅.၇၈၁)တန်၊ (၁၁၈၂၀၀)2U၊ (၃၉၄.၈၃၈) BBL ၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၄၇၀)သန်း တင်သွင်းခဲ့ပါသည်။

          ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့်ဆောင်ရွက်လျက်ရှိသည်။ (၂၉-၆-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၈၁၃) ဘတ်၊(၁)ဘတ်လျှင် မြန်မာငွေ(၁၂၃)ကျပ် ခန့် (၂၈-၆-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၄၈၅၀) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၅၃၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Border Trade News

Pages