ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ငါးဖမ်းလုပ်ငန်းနှင့် ငါး၊ ပုစွန်ကုန်သွယ်မှုတိုးတက်လာခြင်းက ကြီးမားသောအခွင့်အလမ်းတစ်ခုဖြစ်
ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကုန်သွယ်မှုသည် ပြီးခဲ့သည့်ဆယ်စုနှစ်ကစ၍ နှစ်ဆတိုးလာသော်လည်း ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှည်ကြာနေသော အတားအဆီးများနှင့် ၎င်းတို့အကြားရှိ ကုန်သွယ်မှုသက်သာခွင့်များကို ပြန်လည်သုံးသပ်သင့်ကြောင်း ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအဖွဲ့၏ အစီရင်ခံစာက ဖော်ပြထားပါသည်။
ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ငါးပုစွန်မွေးမြူရေးလုပ်ငန်းများကြောင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင်များဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေးနှင့် ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေး (SDG 2) နှင့် အထူးသဖြင့် ရေအောက်သက်ရှိများကို ကာကွယ်ခြင်း (SDG 14) ပြည့်မီနိုင်ပါသည်။
ငါး၊ အခွံမာရေနေသတ္တဝါ၊ ခရုကမာ၊ ပင်လယ်ရေမှော်နှင့် တန်ဖိုးမြှင့်ရေနေထွက်ကုန်များ ပါဝင်သော ငါးလုပ်ငန်းကဏ္ဍသည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၁၄ ဘီလီယံ မှ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၁၈၆ ဘီလီယံ အထိ ရှိခဲ့ပြီး ၆၃ % တိုးတက်ခဲ့ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ငါးလုပ်ငန်း ဆိုင်ရာ ကုန်သွယ်မှုသည် ၂၀၁၂ ခုနှစ်တွင် ၁၉ ဘီလီယံမှ ၂၀၂၂ ခုနှစ်တွင် ၃၉ ဘီလီယံအထိ နှစ်ဆ တိုးတက်ခဲ့ပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကုန်သွယ်မှုခေတ်သစ်
ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ငါးဖမ်းလုပ်ငန်းနှင့် ငါးပုစွန်ကုန်သွယ်မှု တိုးတက်လာခြင်းသည် မိရိုးဖလာ ကုန်သွယ်မှုပုံစံဖြစ်သော ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖွံ့ဖြိုးပြီးဈေးကွက်သို့ အဓိကတင်ပို့မှုကို ဆန့်ကျင်နေပါ သည်။ အဆိုပါအရွှေ့က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကုန်သွယ်မှုခေတ်သစ်ကို ဖော်ဆောင်ကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများအချင်းချင်း ကုန်သွယ်မှုကြောင့် ပြည်တွင်း၌ စီးပွားရေးအကျိုးအမြတ်များ ပိုမိုထိန်းသိမ်း နိုင်ခြင်း၊ အလုပ်အကိုင်များဖန်တီးပေးနိုင်ခြင်း၊ ပင်လယ်ရေထွက်ပစ္စည်းအခြေခံ အစားအစာနှင့် အစားအစာမဟုတ်သော ထုတ်ကုန်များတီထွင်မှုကို မြှင့်တင်နိုင်စေကြောင်း၊ စားနပ်ရိက္ခာဖူလုံမှုနှင့် အထူးသဖြင့် ကမ်းရိုးတန်းနေ ပြည်သူများအတွက် ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများကို ပိုမိုရရှိလာစေနိုင်ကြောင်း၊ တင်ပို့ခြင်းမပြုမီ အရည်အသွေးမြှင့်တင်ခြင်း သို့မဟုတ် ပြုပြင်ထုတ်လုပ် ခြင်းကြောင့် ငါးပုစွန်များအား တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်စေကာ နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေကြောင်း” ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၏ သမုဒ္ဒရာနှင့် လှည့်လည်နေသော စီးပွားရေးဌာနခွဲတာဝန်ခံက ပြောကြားခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နှိုင်းယှဉ်အားသာချက်
ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က နိုင်ငံတစ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုနှင့် ကမ္ဘာ့ ကုန်သွယ်မှုကို နှိုင်းယှဉ်လျက် အားသာချက်များကို ဖော်ထုတ်ခဲ့ပါသည် ။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် အဏ္ဏဝါမျိုးစိတ်များနှင့် ထုတ်ကုန်များ၏ နှိုင်းယှဉ်အားသာချက်များရှိကြောင်း၊ ဥပမာ- မိုဇမ်ဘစ် သည် ကျောက်ပုဇွန်များနှင့် ပုဇွန်အနီများကို တင်ပို့မှုတွင် အားသာကြောင်း၊ အာဂျင်တီးနား၏ ငါး ကြီးဆီ ထုတ်လုပ်သည့် ပင်လယ်ငါးသည် အနံ့၊ အရသာတို့ကြောင့် ကမ္ဘာပေါ်တွင် ဈေးကြီးကြောင်း၊ မော်ရိုကိုသည် ပြုပြင်ထားသော ဆာဒင်းများ၊ ကြွယ်ဝသော အဏ္ဏဝါဇီဝမျိုးကွဲများနှင့် ရေရှည် တည် တံ့သော ငါးဖမ်းခြင်းအလေ့အကျင့်များကြောင့် ကျော်ကြားကြောင်း၊ ပီရူးသည် အာဟာရ ကြွယ်ဝ သော ကြာရှည်ခံ အန်ကိုဗီးငါးများကြောင့် နာမည်ကြီးကြောင်း ဖော်ပြထားသည်။
အဆိုပါ အားသာချက်များသည် ယင်းနိုင်ငံများအား သီးခြားဈေးကွက်များပေါ်တွင် ရင်းနှီးစေကာ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးပြီး ပို့ကုန်အမယ်များ များပြားစေပါသည်။
ရာသီဥတု ပြောင်းလဲမှု၊ ငါးအလွန်အကျွံဖမ်းဆီးမှုနှင့် အကောက်ခွန်မဟုတ်သော အတားအဆီးများ က ကြီးမားသော စိန်ခေါ်မှုများဖြစ်
ငါးဖမ်းလုပ်ငန်းနှင့် ငါးပုစွန်ကဏ္ဍသည် အလားအလာကောင်းများ ရှိသော်လည်း စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပါသည်။ ငါးအလွန်အကျွံဖမ်းခြင်း၊ အန္တရာယ်ရှိသော အထောက်အပံ့များနှင့် ရာသီဥတု ပြောင်းလဲမှုတို့သည် ရေရှည်တည်တံ့မှုအတွက် သိသိသာသာ ခြိမ်းခြောက်မှုဖြစ်စေသည်။
၁၉၇၄ ခုနှစ်မှ စတင်၍ ကမ္ဘာပေါ်တွင် ငါးအလွန်အကျွံ ဖမ်းဆီးခြင်းသည် သုံးဆတိုးလာခဲ့ပြီး ရာသီ ဥတု ဖောက်ပြန်မှုက ပင်လယ်အပူချိန်နှင့် ဂေဟစနစ်များကို ထိခိုက်စေကာ ပြဿနာများကို ပိုမို ဆိုး ရွားစေပါသည်။ ကုန်သွယ်မှု အတားအဆီးများ၊ အထူးသဖြင့် အကောက်ခွန်မဟုတ်သော နည်းလမ်း များ (NTMs) က ပို့ကုန်လုပ်ငန်းရှင်များအတွက် ငွေကုန်ကြေးကျများကာ တိုးတက်မှုကို နှောင့်နှေး စေပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများကြား ကုန်သွယ်မှုမြှင့်တင်ရေးသဘောတူညီချက်တစ်ခုဖြစ်သည့် ကုန်သွယ်မှုသက် သာခွင့်များ Global System of Trade Preferences (GSTP) သည် အဖွဲ့ဝင်များအကြား အခွန် အကောက်များ လျော့ချကောက်ခံသော်လည်း အကောက်ခွန်မဟုတ်သော အတားအဆီးများကြောင့် ကုန်သွယ်မှုအတွက် အတားအဆီးများ ဆက်လက်ရှိနေပါသည်။ ဥပမာ လူ၊ တိရိစ္ဆာန်နှင့် အပင် ကျန်း မာရေးဆိုင်ရာ နည်းလမ်းများ (SPS) နှင့် ကုန်သွယ်မှုဆိုင်ရာ နည်းပညာအတားအဆီးများ (TBT) သည် လိုက်နာမှု ကုန်ကျစရိတ်များကို သိသိသာသာ တိုးမြင့်စေပြီး စျေးကွက်ဝင်ရောက်ခွင့်ကို ကန့် သတ်ထားသည်။ ၎င်းတို့သည် တင်ပို့သူများ ရင်ဆိုင်နေရသော NTM များအားလုံး၏ ၆၅ % ခန့် (SPS အတွက် ၅၀% နှင့် TBT အတွက် ၁၅%) ခန့်ရှိပါသည်။ ငါးနှင့်ငါးထုတ်ကုန်များ တင်သွင်းမှု အတွက်
ပြောင်းလဲမှုအတွက် GSTP ၏ အလားအလာ
၂၀၂၂ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စုစုပေါင်းတင်ပို့မှု၏ ၆၀ % ကျော်မှာ GSTP အဖွဲ့ဝင်များဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကုန်သွယ်မှုမြှင့်တင်ရာတွင် သဘောတူညီချက်၏ အရေးကြီးသော အခန်း ကဏ္ဍကို သရုပ်ဖော်ခဲ့ပါသည်။ အာဖရိက၊ အာရှနှင့် လက်တင်အမေရိကတို့မှ GSTP အဖွဲ့ဝင်နိုင်ငံ ပေါင်း ၄၂ နိုင်ငံတွင် လူဦးရေ ၄ ဘီလီယံ ရှိသဖြင့် ကြီးမားသော အလားအလာနှင့် ကွဲပြားသော စျေးကွက်များ ပါဝင်ပါသည်။
ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၏ ကုန်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်၊ ရာသီ ဥတုပြောင်းလဲမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ အကြီးအကဲက GSTP သည် ဖွံ့ဖြိုးဆဲနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် စိန်ခေါ်မှုများကို ဖြေရှင်းသည့် ပလက်ဖောင်းဖြစ်ကြောင်း၊ GSTP မှတစ်ဆင့် NTM များကို ဟန်ချက်ညီညီ လျှော့ချခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဒေသတွင်းနှင့် ကမ္ဘာတစ်လွှား စျေးကွက်များသို့ ဝင်ရောက်ရန် ပိုမို လွယ်ကူစေပြီး ကမ္ဘာ့တန်ဖိုးကွင်းဆက်များအတွင်းပါဝင်ကာ နိုင်ငံတကာယှဉ်ပြိုင်မှုအတွက် ပြင်ဆင် ရာတွင် ကူညီပေးကြောင်း၊ GSTP သည် အဖွဲ့ဝင်နိုင်ငံများအား ၎င်းတို့အားသာသည့် အဏ္ဏဝါ ထုတ်ကုန်များကို အသုံးချကာ ခံနိုင်ရည်ရှိသော ကုန်သွယ်မှုပတ်ဝန်းကျင်ကို ရောက်ရှိစေကြောင်း ပြောကြားခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကုန်သွယ်စီးဆင်းမှု၊ စားနပ်ရိက္ခာဖူလုံမှုနှင့် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို မြှင့်တင်နိုင်သည့် ကဏ္ဍများစွာတွင် အလားအလာများအတွက် GSTP အား ပြန်လည် အသက်သွင်းရန် ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့က တောင်းဆိုထားပါသည်။
ရင်းမြစ်။ ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့